
သမားရိုးကျ မြက်ခင်းပြင်တွေအစား မြောက်ဝင်ရိုးစွန်းဒေသက အေးခဲနေတဲ့ရေခဲပြင်ပေါ်မှာ ဂေါက်သီးရိုက်ချန်ပီယံရှစ်ပြိုင်ပွဲတခုကို ဇူလိုင် ၁၂ ရက်က တမူထူးခြားစွာနဲ့ ကျင်းပသွားပါတယ်။
၁၉ ရာစုအလယ်ပိုင်း ဗစ်တိုးရီးယားခေတ်မှာ စတင်ပေါ်ပေါက်ခဲ့တဲ့ Clock Golf အမည်ရ "နာရီပုံစံ-ဂေါ့ဖ် " အားကစားနည်းအတိုင်း ယှဉ်ပြိုင်ကစားခဲ့ကြတာပါ။
အဲဒီနေရာမှာ ပြိုင်ပွဲဝင်တွ ဝိုင်းပတ်ပြီး နာရီနံပါတ်လိုမျိုး သတ်မှတ်ထားတဲ့ နေရာကနေ အလယ်မှာ ရှိနေတဲ့ တခု တည်းသော ကျင်းကို ဝင်အောင်ရိုက်ရတာမျိုး ဖြစ်ပါတယ်။
ဒါပေမဲ့ အပူချိန် သုည ကနေ အနုတ် ၄၀ ဒီဂရီ စင်တီဂရိတ် အထိရှိတတ်တဲ့ မြောက်ဝင်ရိုးစွန်း ရာသီဥတုနဲ့ ကိုက်ညီအောင် ပြိုင်ပွဲစည်းမျဉ်းတချို့ကို ပြောင်းလဲထားပါတယ်။
ဟောင်ကောင်အခြေစိုက် ဂေါက်သီးကစားသမား ဒေးဗစ် ဒူဒက်ခ်က “ဒါဟာကျနော် ကစားဖူးသမျှထဲမှာ အဆန်းသစ်ဆုံးနဲ့ အမိုက်ဆုံးသော ဂေါ့ဖ်ပြိုင်ပွဲပါ”လို့ ရေခဲပြင်ပေါ် ရိုက်ရတဲ့ အတွေ့အကြုံကို ပြောပြပါတယ်။
ချန်ပီယံရှစ်ပြိုင်ပွဲမှာ ဂေါ့ဖ်ရိုက်သမား ၁၉ ယောက်အထိ ပါဝင် ယှဉ်ပြိုင်ခဲ့ကြပြီး ဒူဘိုင်းအခြေစိုက် ဗြိတိန်ကစားသမား ဂျိမ်းစ် အဲလိယက်တ်စကွဲက ရမှတ် ၄၉ ရမှတ်နဲ့ အတူ ပထမဆုံးချန်ပီယံ ဖြစ်လာပါတယ်။
ဒီပြိုင်ပွဲဝင်တွေထဲမှာ ဂေါ့ဖ်ရိုက်ကျွမ်းကျင်သူတွေ ပါဝင်ပေမဲ့ တချို့ကတော့ အားကစားနည်း အကြောင်း အနည်းငယ်သာသိထားပြီး တချို့ဆိုရင် ဂေါ့ဖ်ကို မကစားဖူးတာမျိုးတောင် ရှိပါတယ်။
ရေခဲပြင် ဂေါ့ဖ်ရိုက်ပြိုင်ပွဲမှာ တရုတ်၊ ဗြိတိန်၊ အိုက်စလန်၊ အိန္ဒိယ၊ ပိုလန်၊ နယ်သာလန်၊ လစ်သူ ယေးနီးယားနဲ့ အမေရိကန် စတဲ့ နိုင်ငံကိုယ်စားပြု ကစားသမားတွေ ပါဝင်ခဲ့ကြပါတယ်။
Source:Reuters