
ဘာစီလိုနာအသင်းမှာ ကျောနံပါတ် ၁၀ ၀တ်ဆင်ကစားခွင့်ရဖို့က ငယ်ဘဝအိပ်မက်ဖြစ်ကြောင်း လာမိန်းယာမဲလ်က ပြောသွားပါတယ်။
ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့ ဇူလိုင် ၁၃ ရက်ကမှ အသက် ၁၈ နှစ် ပြည့်ခဲ့တဲ့ ကြယ်ပွင့်ကစားသမား လာမိန်းယာမဲလ်ကို အသင်းရဲ့ သမိုင်းဝင် ကျောနံပါတ်တခုဖြစ်တဲ့ နံပါတ် ၁၀ ဂျာစီ ဝတ်ဆင်ခွင့်ပေးခဲ့တာပါ။
ပြီးခဲ့တဲ့ရာသီက အန်းဆုဖာတီ ဝတ်ဆင်ခဲ့ပြီး ဘာစီလိုနာအသင်းက သူ့ကို မိုနာကိုအသင်းဆီ အငှားချပြီးနောက် ယာမဲလ်ကို ကျောနံပါတ် ၁၀ ဝတ်ဆင်ခွင့် ပေးလိုက်တာပါ။
ဘာစီလိုနာအသင်းကြီးမှာ ပွဲထွက်ခွင့်ရဖို့နဲ့ ကျောနံပါတ် ၁၀ ၀တ်ဆင်ခွင့်ရဖို့က ငယ်စဉ်ကတည်းက အိပ်မက်ဖြစ်ပြီး လူငယ်ကစားသမားတိုင်းရဲ့ အိပ်မက်လည်းဖြစ်ကြောင်း ယာမဲလ်က ပြောပါတယ်။
မက်ဆီက သူ့နည်းလမ်းနဲ့သူ ဘာစီလိုနာကို အောင်မြင်မှုတွေ ရယူပေးခဲ့သလို မိမိဟာလည်း ကိုယ့်ပုံစံနဲ့ကိုယ် အသင်းကို ကူညီပေးသွားချင်ကြောင်း ယာမဲလ်က ပြောသွားပါတယ်။