
ငလျင်ဒဏ်ကြောင့် ဘေးဒဏ်သင့်ခဲ့ရတဲ့ မြန်မာနိုင်ငံအနှံ့က ပြည်သူတွေအတွက် သရုပ်ဆောင် အောင်မြင့်မြတ်က Way Back Home ရက်တို ကမ်ပိန်းတခု ပြုလုပ်ခဲ့ပါတယ်။
အဲဒီကမ်ပိန်းမှာ သူကိုယ်တိုင်ရေးဆွဲထားတဲ့ ပန်းချီကား၊ ပြည်သူတချို့ကနေ ပါဝင်လာတဲ့ ရွှေဆွဲကြိုးနဲ့ ရွှေလက်စွပ် မောင်းကွင်း ၂ ကွင်းကို မဲလက်မှတ်ရောင်းချပြီး သူ့မွေးနေ့အမှတ်တရအဖြစ် ဧပြီ ၈ ရက် ညက မဲဖောက်ပေးခဲ့တာပါ။
အဲဒီလို မဲလက်မှတ်ရောင်းချမှုကနေ မြန်မာကျပ်ငွေ သိန်း ၃၆၀ ရရှိခဲ့ပြီး ငလျင်ဒဏ်ခံစားရတဲ့ ဒေသတွေဖြစ်တဲ့ စစ်ကိုင်း၊ မန္တလေး စတဲ့နေရာတွေကို ရရှိတဲ့ ငွေသား ၃ ပုံ ပုံပြီး လှူသွားမယ်လို့ သရုပ်ဆောင် အောင်မြင့်မြတ်က DVB ကို ပြောပါတယ်။
သရုပ်ဆောင် အောင်မြင့်မြတ်ရဲ့ Way Back Home ရက်တိုကမ်ပိန်းကို ဧပြီ ၃ ရက်ကနေ ၇ ရက်အထိ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။