DVB Peacock Film Festival မှတ်တမ်းရုပ်ရှင်ပွဲတော်ကို မတ် ၂၇ ရက်ညပိုင်းက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ နိုင်ငံခြားသတင်းထောက်များကလပ် (FCCT) မှာကျင်းပပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုနောက်ပိုင်း ပြည်သူတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေကို ရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင်ကား ၂၀ ထဲက ၅ ကို DVB Peacock Film Festival မှာ ပြသခဲ့တာလည်း ဖြစ်ပါတယ်။
ဒီမှတ်တမ်းရုပ်ရှင်တွေက မြန်မာသတင်းထောက်တွေနဲ့ မှတ်တမ်းရုပ်ရှင်ဖန်တီးသူတို့ရဲ့ လွတ်လပ်စွာ ဖန်တီးရိုက်ကူးနိုင်စွမ်းကို မြှင့်တင်နိုင်ဖို့အပြင် လွတ်လပ်စွာ ပြောဆိုခွင့်အတွက် တိုက်ပွဲဝင်နေကြသူတွေ၊ အန္တရာယ်ကြားက ရုပ်ရှင်ရိုက်ကူးသူတွေနဲ့ သတင်းထောက်တွေရဲ့ ရဲရင့်မှုကိုလည်း မီးမောင်းထိုးပြထား ပါတယ်။
DVB Peacock Film Festival ကို၊ နော်ဝေ၊ ဆွီဒင်၊ ချက်၊ အိုင်ယာလန်၊ နယူးဇီးလန်စတဲ့ ဥရောပနိုင်ငံတွေမှာလည်း ပြသခဲ့ပြီးဖြစ်သလို ဩစတြေးလျနဲ့ တခြားနိုင်ငံတွေမှာလည်း ဆက်လက် ပြသနိုင်ဖို့ စီစဉ်နေပါတယ်။
Photo: DVB