
ရပ်ဘီအသင်းခေါင်းဆောင်တွေနဲ့ နည်းပြတွေဟာ အမျိုးသမီးအသင်း ၆ နိုင်ငံ ရပ်ဘီ ကမ္ဘာ့ဖလား ပြိုင်ပွဲအတွက် လန်ဒန်မြို့မှာ မတ်လ ၇ ရက်က တွေ့ဆုံခဲ့ကြပါတယ်။
အမျိုးသမီး ကမ္ဘာ့ဖလားရပ်ဘီအသင်း ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ အင်္ဂလန်၊ ပြင်သစ်၊ အီတလီ၊ အိုင်ယာလန်၊ စကော့တလန်နဲ့ ဝေးလ်အသင်းတို့က ကြိုတင်ပြင်နေကြတာလည်း ဖြစ်ပါတယ်။
သိမ်းမြစ်ဝှမ်းတလျှောက် လှည့်ပတ်နေတဲ့ သင်္ဘောပေါ်မှာ နာမည်ကြီး တာဝါတံတားကြီးကို နောက်ခံထားပြီး ကစားသမားတွေဟာ ဖလားနဲ့အတူ ဓာတ်ပုံတွေရိုက်ကာ ဆိုရှယ်မီဒီယာတွေ တင်ခဲ့ကြလို့ ကြည့်ရှုသူ ပရိတ်သတ်ဦးရေ ၉ ရာခိုင်နှုန်းထိ တိုးလာခဲ့ပါတယ်။
ဒီပြိုင်ပွဲကို မတ် ၂၂ ရက်နေ့မှာ စတင်ကျင်းပမှာ ဖြစ်ပြီး အိုင်ယာလန်အသင်းက အိမ်ရှင်အဖြစ် ပြစ်သစ်အသင်းကို လက်ခံကစားသွားမှာဖြစ်ပြီး စကော့တလန်က ဝေးလ်အသင်းဆီကို သွားရောက် ယှဉ်ပြိုင်ကစားမှာပါ။
အီတလီအသင်းကတော့ ၆ ကြိမ်မြောက် ချန်ပီယံဖြစ်ခဲ့တဲ့ အင်္ဂလန်အသင်းဆီကို နောက်တရက်အကြာမှာ သွားရောက်ယှဉ်ပြိုင်ကစားရမှာလည်း ဖြစ်ပါတယ်။