
ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲကို နေပြည်တော် ဥပ္ပါတသန္တိစေတီတော် တပေါင်းကွင်းမှာ ဖေဖော်ဝါရီ ၁၀ ရက်ကနေ ၁၆ ရက်အထိကျင်းပရာမှာ ပြပွဲအတွင်း ထုတ်ကုန်ပစ္စည်း ကျပ်သန်း ၂၀၀၀ ကျော်ဖိုး ရောင်းချခဲ့ရတယ်လို့ စစ်ကောင်စီ မီဒီယာတွေမှာ ဖော်ပြပါတယ်။
အဆိုပါ ထုတ်ကုန်ပြပွဲကို မူလက ဖေဖော်ဝါရီ ၁၀ ရက်ကနေ ၁၄ ရက်အထိသာ ပြုလုပ်ဖို့စီစဉ်ခဲ့ပြီး လာရောက် ကြည့်ရှုသူများပြားတာကြောင့် ၂ ရက်ထပ်တိုးကာ ဖေဖော်ဝါရီ ၁၆ ရက်အထိ ပြုလုပ်တာလို့ ဆိုပါတယ်။
ဒေသခံတယောက်က “ပြပွဲလာတဲ့သူတွေကို ဝန်ကြီးဌာနတွေကနေ ဆန်တွေ၊ ဆီတွေ ဝေတယ်လေ။ အဲ့ဒီတော့ သွားတဲ့သူတွေရှိတာပေါ့။ အများစုကတော့ သူတို့ ဝန်ထမ်းတွေ များပါတယ်” လို့ ပြောပါတယ်။
MSME ထုတ်ကုန်ပြပွဲမှာ လုပ်ငန်းရှင်တွေကို ပြည်တွင်း ပြည်ပဈေးကွက်ရရှိဖို့နဲ့ ဝန်ကြီးဌာနတွေရဲ့ one stop service တွေ ရရှိဖို့အတွက် ချိတ်ဆက်ဆောင်ရွက်ပေးခဲ့ပြီး MSME ချေးငွေရရှိဖို့အတွက်လည်း လျှောက်ထားခွင့်ပြုခဲ့တယ်လို့ သိရပါတယ်။