ထိုင်း-မြန်မာနယ်စပ်က ရွှေ့ပြောင်းအလုပ်သမားတွေအပါအဝင် တိုင်းရင်းသားပြည်သူတွေ အားထားရတဲ့ မယ်တော်ဆေးခန်းမှာ လာရောက်ကုသနေတဲ့ လူနာများစွာအတွက် အရေးပေါ် အိုသွေးနဲ့ အေသွေး လိုအပ်နေတယ်လို့ ဆေးခန်းက ထုတ်ပြန်ထားပါတယ်။
သွေးလှူဒါန်းလိုသူတွေအနေနဲ့ (ထိုင်း)ဖုန်းနံပါတ် 0929617781 ကို ဆက်သွယ်နိုင်သလို တယောက်ချင်း သွေးလှူဒါန်းမှုတွေရော အဖွဲ့လိုက် လှူဒါန်းမှုတွေပါ ပြုလုပ်နိုင်တယ်လို့ ဆိုပါတယ်။
မယ်တော်ဆေးခန်းကို ကရင်တိုင်းရင်းသား ဒေါက်တာ စင်သီယာမောင်က ၁၉၈၉ ခုနှစ်ကတည်းက ဦးစီးတည်ထောင်ထားတာ ဖြစ်ပါတယ်။
မဲဆောက်နဲ့ အနီးတဝိုက်က မြန်မာဒုက္ခသည်တွေနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ အဓိက အားထားရတဲ့ အခမဲ့ဆေးခန်းတခု ဖြစ်သလို နေ့စဉ်လိုလို ရာနဲ့ချီတဲ့ လူနာတွေ လာရောက်ဆေးကုသနေကြတာပဲ ဖြစ်ပါတယ်။