တရုတ်နိုင်ငံရဲ့ အာကာသယာဉ်မှူးတွေဟာ လပေါ်ရှိ မြေသားနဲ့ လ အုတ်ခဲစမ်းသပ်မှုတွေအတွက် အာကာသခရီးစဉ်ကို အောက်တိုဘာ ၃၀ ရက်က စတင်ခဲ့ပါတယ်။
ရှန်ဇူး-၁၉ မစ်ရှင်မှာ အာကာသယာဉ်မှူး ၃ ယောက် ပါဝင်မှာဖြစ်ပါတယ်။ ဒီ ၃ ယောက်အနက် ၂ ယောက်က အငယ်ဆုံး အာကာသယာဉ်မှူးတွေဖြစ်ပြီး ဝမ်က တရုတ်နိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး အာကာသအင်ဂျင်နီယာ ဖြစ်ပါတယ်။
ဝမ်က လူတိုင်းလိုပဲ အာကာသစခန်းကိုသွားဖို့ အိပ်မက်မက်ခဲ့ကြောင်း၊ အာကာသထဲမှာ မိမိတို့အာကာသစခန်းကို ကာကွယ်ဖို့နဲ့ တာဝန်တိုင်းကို သေချာလုပ်နိုင်ဖို့ ဆန္ဒရှိကြောင်း ပြောကြားထားပါတယ်။
တရုတ်နိုင်ငံဟာ ၂၀၃၀ ခုနှစ်မှာ လပေါ်ကို လူဆင်းနိုင်ဖို့ မျှော်လင့်ထားပြီး ၂၀၃၅ အတွင်း လပေါ်မှာ လေ့လာရေး အခြေစိုက်စခန်းတခု တည်ဆောက်ဖို့ မျှော်လင့်ထားပါတယ်။
ရှန်ဇူး-၁၉ မစ်ရှင်မှာ အာကာသယာဉ်မှူးတွေက လပေါ်မှာရှိတဲ့ မြေသားတွေနဲ့ အုတ်ခဲ ဘယ်လိုတည်ဆောက်မလဲဆိုတာ လေ့လာတဲ့အတွေ့အကြုံ ယူမှာဖြစ်သလို ရေဒီယိုသတ္တိကြွမှု မြင့်မားတဲ့အချိန် ခံနိုင်ရည်ရှိမှုနဲ့ အာကာသရဲ့ ဆွဲငင်အားနည်းပါးတဲ့ အခြေအနေမှာ အုတ်ခဲ ဘယ်လိုပြုလုပ်မလဲဆိုတာ စမ်းသပ်မှာ ဖြစ်ပါတယ်။
ကမ္ဘာပေါ်က သတ္တုတွေနဲ့ လပေါ်မှာ စခန်းတည်ဆောက်တာက ကုန်ကျစရိတ်များတာကြောင့် လပေါ်မှာရှိတဲ့ မြေသားနဲ့ အုတ်ခဲတွေတည်ဆောက်ဖို့ တရုတ်နိုင်ငံက ရည်ရွယ်ထားတာ ဖြစ်ပါတယ်။
ရှန်ဇူး-၁၉ အာကာသယာဉ်ပျံသန်းစဉ် အာကာသထဲ သက်ရှိနေထိုင်မှု၊ မိုက်ခရိုဂရာဗက်တီ၊ အရာဝတ္ထုများ၊ ဆေးဝါးနဲ့ နည်းပညာသစ် စမ်းသပ်မှုပေါင်း ၈၆ ခု ပြုလုပ်မယ်လို့ CMSA ရဲ့ ဒုတိယဒါရိုက်တာက ပြောပါတယ်။
Source-Reuters