အမေရိကန်နိုင်ငံ၊ ကာလီဖိုးနီးယား အာဗိုင်းရဲဌာနဟာ အမေရိကန်မှာ ပထမဆုံး Tesla Cybertruck ကို ရဲကားအဖြစ်သုံးတဲ့ ရဲစခန်း ဖြစ်လာပါတယ်။
မူးယစ်ဆေးဝါးအလွဲသုံးမှု ပညာပေးရေး စီမံချက်နဲ့ တခြား ရပ်ရွာတွင်း လုံခြုံရေးတွေမှာ ဒီကားကို သုံးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
၁၉၈၄ ခုနှစ် Terminator ဇာတ်ကားထဲက ဇာတ်ဝင်တေးနဲ့ ရဲကားကို မိတ်ဆက်သွားတာ ဖြစ်ပါတယ်။ ဒီကားကို ပုံမှန် ကင်းလှည့်ကားလို သုံးမှာမဟုတ်ဘဲ အရေးပေါ်နဲ့ ဒေသခံတွေအတွက် အကူအညီပေးရေးမှာ သုံးသွားမယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၃ ရက်က Tesla ဟာ Cybertrucks ကားအစီး ၂,၇၀၀ ကို နောက်ကြည့်ကင်မရာပုံရိပ်ပေါ်တာ နှောင့်နှေးမှုကို ဖြေရှင်းဖို့ ပြန်လည်သိမ်းဆည်းခဲ့ပါတယ်။
ဒါဟာ ဇန်နဝါရီကစလို့ ၅ ခါမြောက် ပြန်လည်သိမ်းဆည်း ပြင်ဆင်ပေးမှုလည်း ဖြစ်ပါတယ်။ နောက်ဆုံးပြဿနာအတွက်ကိုတော့ Tesla က software update ပေးပြီး ပြင်ဆင်ပေးခဲ့ပါတယ်။
Source-Reuters