စစ်အာဏာရှင်ကို လက်နက်ကိုင်တော်လှန်နေတဲ့ အဖွဲ့တဖွဲ့ဖြစ်တဲ့ Brave Warriors for Myanmar (BWM) အဖွဲ့ဟာ လက်ရှိမှာ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေးနဲ့ နေပြည်တော်ဒေသတွေရှိ စစ်ကောင်စီတပ်ရဲ့ အရေးပါတဲ့နေရာတွေကို ပစ်မှတ်ထားတဲ့ စစ်ဆင်ရေး ၂၃ ခု ဖော်ဆောင်ထားပါတယ်။
အဆိုပါ စစ်ဆင်ရေးတွေကတော့ နေပြည်တော်မှာ စစ်ဆင်ရေး ၅ ခု၊ ရန်ကုန်တိုင်းမှာ စစ်ဆင်ရေး ၇ ခု၊ မန္တလေးတိုင်းမှာ စစ်ဆင်ရေး ၄ ခု၊ ပဲခူးတိုင်းမှာ စစ်ဆင်ရေး ၆ ခုနဲ့ မကွေးတိုင်းမှာ စစ်ဆင်ရေး ၁ ခုတို့ ဖြစ်ပါတယ်။
နေပြည်တော်အတွင်း စစ်ဆင်ရေးဖော်ဆောင်မှုများ
၂၀၂၃ ခုနှစ်၊ မတ် ၂၆ ရက် (၆:၄၀ နာရီ)
Brave Warriors for Myanmar (BWM)၊ MKCDF နဲ့ သံတောင်မြောက်ပိုင်း အထူးဒေသအဖွဲ့တို့ ပူးပေါင်းပြီး နေပြည်တော်လေတပ်ဆွယ် (အေလာ) ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၃ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။
၂၀၂၃ ခုနှစ်၊ မတ်လ ၂၇ ရက် (၀၅:၄၀ နာရီ)
Brave Warriors for Myanmar (BWM)၊ MKCDF နဲ့ သံတောင်မြောက်ပိုင်း အထူးဒေသအဖွဲ့တို့ ပူးပေါင်းပြီး နေပြည်တော်လေတပ်ဆွယ် (အေလာ) ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၂ လုံးနဲ့ ပစ်ခတ်ခဲ့ပါတယ်။
ဒါ့အပြင် လယ်ဝေးမြို့နယ်၊ သစ်ကြိမ်းအုပ်စု၊ ရွှေဘုန်းတောင် ဗျူဟာကုန်းမှာ စစ်ရေးပြကွင်း လုံခြုံရေးယူဖို့ တပ်စွဲထားတဲ့ ခမရ ၆၀၄၊ ခမရ ၆၀၅၊ ခမရ ၄၁၁၊ ခမရ ၃၀၂၊ ၈၅ တပ်တို့ကို Fixed Wing တိုက်ခိုက်ရေး လေယာဉ်ငယ်နဲ့ ၆၀ မမ လက်လုပ်ဗုံးသီးတွေ ကြဲချ တိုက်ခိုက်ခဲ့ပါတယ်။
၂၀၂၃ ခုနှစ်၊ ဧပြီ ၁၆ ရက် (၂၃:၅၀ နာရီ)
Brave Warriors for Myanmar (BWM) နဲ့ MKCDF အဖွဲ့တို့ ပူးပေါင်းပြီး နေပြည်တော်လေတပ်ဆွယ် (အေလာ) ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၄ လုံးနဲ့ ပစ်ခတ်ခဲ့ရာ လေယာဉ်ဆီ ဆီလှောင်ကန် ၂ ခု မီးလောင်ပေါက်ကွဲခဲ့ပြီး လက်နက်တိုက်တခုနဲ့ လေယာဉ်ပြေးလမ်းတွေ ပျက်စီးခဲ့ပါတယ်။
၂၀၂၄ ခုနှစ်၊ ဧပြီ ၁၁ ရက် (၀၄:၄၅ နာရီ)
Brave Warriors for Myanmar (BWM) နဲ့ MKCDF အဖွဲ့တို့ ပူးပေါင်းပြီး နေပြည်တော်လေတပ်ဆွယ် (အေလာ) ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၇ လုံးနဲ့ ပစ်ခတ်ခဲ့ရာ လေတပ်အရာရှိ ၅ ယောက်နဲ့ တပ်သား ၁၂ ယောက်၊ စုစုပေါင်း ၁၇ ယောက် သေဆုံးပြီး ၁၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁၆ ရက် (၀၉:၀၁ နာရီ)
Brave Warriors for Myanmar (BWM)၊ MKCDF နဲ့ Mercury Revolution Force (MRF) အဖွဲ့တို့ ပူးပေါင်းပြီး နေပြည်တော်လေတပ်ဆွယ် (အေလာ) ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၇ လုံးနဲ့ ပစ်ခတ်ခဲ့ရာ ရှော့တိုက်ဒုံး ၅ လုံး အောင်မြင်စွာ ပေါက်ကွဲခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် လေတပ်အရာရှိ ၇ ယောက် အပါအဝင် တပ်ဖွဲ့ဝင် ၃၄ ယောက် သေဆုံးခဲ့ပြီး တိုက်ခိုက်ရေးဒရုန်းတွေထားရှိရာ ဂိုဒေါင်နဲ့ အဆိပ်ငွေ့ဗုံးလို့ ယူဆရတဲ့ ဓာတုဗုံးတွေထားရှိရာ ဂိုဒေါင်တွေအပါအဝင် အဆောက်အဦ ၄ ခုနဲ့ A-5 ဂျက်တိုက်လေယာဉ် ၁ စင်း၊ တခြား ဂျက်တိုက်လေယာဉ် ၁ စင်းနဲ့ Y-12 ၁ စင်းတို့ ပျက်စီးခဲ့ပါတယ်။
ရန်ကုန်တိုင်းအတွင်း စစ်ဆင်ရေးဖော်ဆောင်မှုများ
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၄ ရက် (၁၉:၅၀ နာရီ)
Brave Warriors for Myanmar (BWM)၊ Liberty Thunder နဲ့ Alpha အဖွဲ့တို့ ပူးပေါင်းပြီး မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်အတွင်းရှိ ပြုပြင်ရေးစခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၃ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၅ ရက် (၂၀:၃၀ နာရီ)
Brave Warriors for Myanmar (BWM) နဲ့ ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့တို့ ပူးပေါင်းပြီး အင်းစိန် BPI ဆေးဝါးစက်ရုံအရှေ့ရှိ အကြမ်းဖက်နှိမ်နင်းရေးတပ်အတွင်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၆ ရက် (၂၀:၄၀ နာရီ)
Brave Warriors for Myanmar (BWM) နဲ့ ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့တို့ ပူးပေါင်းပြီး မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၅ လုံးနဲ့ ပစ်ခတ်ခဲ့ပါတယ်။
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၉ ရက် (၂၀:၀၀ နာရီ)
Brave Warriors for Myanmar (BWM) နဲ့ ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့တို့ ပူးပေါင်းပြီး လှိုင်သာယာမြို့နယ်ရှိ ခမရ ၅၃၂ တပ်ရင်းထဲသို့ ၁၀၇ မမ ရှော့တိုက်ဒုံး ၄ လုံးနဲ့ ပစ်ခတ်ခဲ့ပါတယ်။
၂၀၂၃ ခုနှစ်၊ မတ် ၂၁ ရက် (၂၁:၀၀ နာရီ)
Brave Warriors for Myanmar (BWM) နဲ့ ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့တို့ ပူးပေါင်းပြီး မှော်ဘီလေတပ်စခန်းဌာနချုပ်ရှိ MiG-29၊ Y-12 နဲ့ Mi-17 လေယာဉ်သိုလှောင်ရုံတွေကို ၁၀၇ မမ ရှော့တိုက်ဒုံး ၈ လုံးနဲ့ ပစ်ခတ်ခဲ့ပါတယ်။
၂၀၂၃ ခုနှစ်၊ ဧပြီ ၆ ရက် (၂၁:၁၆ နာရီ)
Brave Warriors for Myanmar (BWM)၊ Liberty Thunder နဲ့ Alpha အဖွဲ့တို့ ပူးပေါင်းပြီး မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၇ လုံးနဲ့ ပစ်ခတ်ခဲ့ပါတယ်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၂ ရက် (၂၁:၀၀ နာရီ)
Brave Warriors for Myanmar (BWM) နဲ့ ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့တို့ ပူးပေါင်းပြီး မှော်ဘီလေတပ်စခန်းဌာနချုပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၅ လုံးနဲ့ ပစ်ခတ်ခဲ့ပါတယ်။
မန္တလေးတိုင်းအတွင်း စစ်ဆင်ရေးဖော်ဆောင်မှုများ
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက် (၀၂:၃၀ နာရီ)
Brave Warriors for Myanmar (BWM)၊ မြို့ပြအထူးစစ်ဆင်ရေးအဖွဲ့ (U.S.O)၊ Mandalay Security and Special Task Force (MDY-SSTF)၊ ပြင်ဦးလွင်ခရိုင်ပကဖ နဲ့ No More Dictatorship (NMD_PDF) အဖွဲ့တို့ ပူးပေါင်းပြီး အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ အထူးရုံး၊ တိုင်းမှူးနဲ့ ဒုတိုင်းမှူး အဆောင်တွေ၊ စစ်သည်ဆောင်နဲ့ အမျိုးသမီးစစ်သည်ဆောင်တို့ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၆ လုံးနဲ့ ပစ်ခတ်ခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် အဆောင်တွေ ထိခိုက်ပျက်စီးခဲ့တဲ့အပြင် တိုင်းမှူးရဲ့ ဇနီးသေဆုံးကာ စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြား ဒဏ်ရာရရှိခဲ့ပါတယ်။
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၃ ရက် (၁၇:၀၀ နာရီ)
Brave Warriors for Myanmar (BWM)၊ မြို့ပြအထူးစစ်ဆင်ရေးအဖွဲ့ (U.S.O) နဲ့ Mandalay Security and Special Task Force (MDY-SSTF) အဖွဲ့တို့ ပူးပေါင်းပြီး တံတားဦးလေတပ်စခန်းဌာနချုပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၁၂ လုံးနဲ့ ပစ်ခတ်ခဲ့ရာ ၅ လုံး ပစ်မှတ်ကို ထိမှန်ခဲ့ပါတယ်။
၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၃ ရက် (၀၄:၀၈ နာရီ)
Brave Warriors for Myanmar (BWM) နဲ့ Shadow Mandalay အဖွဲ့တို့ ပူးပေါင်းပြီး အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၁၀ လုံးနဲ့ ပစ်ခတ်ခဲ့ရာ ၇ လုံး ပစ်မှတ်ကို ထိမှန်ခဲ့လို့ ဒုတပ်ချုပ် စိုးဝင်းရဲ့ ကိုယ်ရေးအရာရှိ ၂ ယောက် အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ယောက်သေဆုံးပြီး ၁၅ ယောက်ကျော် ဒဏ်ရာရခဲ့တဲ့အပြင် Drone Control Center နဲ့ ထောက်ပို့တပ်အဆောက်အဦတို့ ပျက်စီးခဲ့ပါတယ်။
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက် (၀၂:၃၀ နာရီ)
Brave Warriors for Myanmar (BWM) နဲ့ Shadow Mandalay အဖွဲ့တို့ ပူးပေါင်းပြီး အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံး (၆) လုံးနဲ့ ပစ်ခတ်ခဲ့ပါတယ်။
ပဲခူးတိုင်းအတွင်း စစ်ဆင်ရေးဖော်ဆောင်မှုများ
၂၀၂၃ ခုနှစ်၊ မတ် ၂၇ ရက် (၁၇:၄၇ နာရီ)
Brave Warriors for Myanmar (BWM)၊ MKCDF နဲ့ သံတောင်မြောက်ပိုင်း အထူးဒေသအဖွဲ့တို့ ပူးပေါင်းပြီး ဆွာမြို့နယ်ရှိ ခလရ ၁၉ တပ်ရင်းကို Fixed Wing တိုက်ခိုက်ရေး လေယာဉ်ငယ်နဲ့ ၆၀ မမ လက်လုပ်ဗုံးသီးတွေ ကြဲချ တိုက်ခိုက်ခဲ့ပါတယ်။
၂၀၂၃ ခုနှစ်၊ မတ် ၂၇ ရက် (၂၃:၃၀ နာရီ)
Brave Warriors for Myanmar (BWM)၊ MKCDF နဲ့ သံတောင်မြောက်ပိုင်း အထူးဒေသအဖွဲ့တို့ ပူးပေါင်းပြီး ရေတာရှည်မြို့နယ်ရှိ စစ်ကောင်စီ တိုင်းရုံး၊ လေ့ကျင့်ရေး ၅ တပ်နဲ့ ဆွာမြို့နယ်ရှိ အမှတ် ၈၄ တပ်ရင်းတို့ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၄ လုံးနဲ့ ပစ်ခတ်ခဲ့ပါတယ်။
၂၀၂၄ ခုနှစ်၊ မတ် ၁၄ ရက် (၂၀:၄၄ နာရီ)
Brave Warriors for Myanmar (BWM) နဲ့ MKCDF အဖွဲ့တို့ ပူးပေါင်းပြီး တောင်ငူလေတပ်စခန်းဌာနချုပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၅ လုံးနဲ့ ပစ်ခတ်ခဲ့ရာ ၃ လုံးမှာ ပစ်မှတ်ကို အောင်မြင်စွာ ထိမှန်ခဲ့ရာ လေတပ်တပ်ဖွဲ့ဝင် ၂ ယောက် သေဆုံးပြီး ဗိုလ်မှူးအဆင့်ရှိသူအပါအဝင် တပ်ဖွဲ့ဝင် ၄ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။ ဒါ့အပြင် လေယာဉ် ၂ စင်းလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
၂၀၂၄ ခုနှစ်၊ မေ ၁၀ ရက် (၀၄:၁၃ နာရီ)
Brave Warriors for Myanmar (BWM)၊ MKCDF၊ Fighter Sar Kaw အဖွဲ့၊ စစ်ဒေသ ၃၁ ပါတီရဲဘော်တွေနဲ့ သံတောင်မြောက်ပိုင်း အထူးဒေသအဖွဲ့တို့ ပူးပေါင်းပြီး တောင်ငူလေတပ်စခန်းဌာနချုပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၁၀ လုံးနဲ့ ပစ်ခတ်ခဲ့ရာ ၇ လုံးမှာ ပစ်မှတ်ကို အောင်မြင်စွာ ထိမှန်ခဲ့ပါတယ်။ အဆိုပါတိုက်ခိုက်မှုကြောင့် K-8 လေယာဉ်သိုလှောင်ရုံ မီးလောင်ပျက်စီးခဲ့ပြီး တိုက်ခိုက်ရေးလေးယာဉ် ၂ စင်း ထိခိုက်ခဲ့တဲ့အပြင် အရာရှိ ၂ ယောက်အပါအဝင် ၁၀ ယောက် သေဆုံးကာ အရာရှိ ၃ ယောက် အပါအဝင် ၈ ယောက် ဒဏ်ရာရရှိခဲ့သည်။ ဒါ့အပြင် ဗုံးသီးနဲ့ ခဲယမ်းများထားရှိရာ ဂိုဒေါင်အပါအဝင် အဆောက်အဦ ၂ လုံးနဲ့ ပရိဘောဂအချို့လည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
၂၀၂၄ ခုနှစ်၊ ဩဂုတ် ၂၀ ရက် (၂၃:၅၆ နာရီ)
Brave Warriors for Myanmar (BWM)၊ MKCDF၊ Mercury Revolution Force (MRF)၊ စစ်ဒေသ ၃၁ ပါတီရဲဘော်တွေနဲ့ သံတောင်မြောက်ပိုင်း အထူးဒေသအဖွဲ့တို့ ပူးပေါင်းပြီး တောင်ငူလေတပ်စခန်းဌာနချုပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၇ လုံးနဲ့ ပစ်ခတ်ခဲ့ရာ ၄ လုံးမှာ ပစ်မှတ်ကို ထိမှန်ခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် လေတပ်အရာရှိ ၂ ယောက် သေဆုံးကာ အခြားအဆင့် ၄ ယောက် ဒဏ်ရာရရှိခဲ့ပြီး အဆောက်အဦတချို့ ပျက်စီးခဲ့ပါတယ်။
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၅ ရက် (၀၃:၄၀ နာရီ)
Brave Warriors for Myanmar (BWM)၊ MKCDF၊ NSA31 မြို့ပြပြောက်ကျားအဖွဲ့နဲ့ စစ်တောင်းမြစ်ဝှမ်း ရေတာရှည် ပူးပေါင်းစစ်ဆင်ရေးအဖွဲ့တို့ ပူးပေါင်းပြီး တောင်ငူမြို့ရှိ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၅ လုံးနဲ့ ပစ်ခတ်ခဲ့ရာ ၄ လုံးမှာ ပစ်မှတ်ကို ထိမှန်ခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ယောက်သေဆုံးကာ အရာရှိအပါအဝင် ၃ ယောက် ဒဏ်ရာရရှိခဲ့ပြီး အဆောက်အဦတချို့ ထိခိုက်ပျက်စီးခဲ့ပါတယ်။
မကွေးတိုင်းအတွင်း စစ်ဆင်ရေးဖော်ဆောင်မှုများ
၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက် (၀၁:၀၀ နာရီ)
Brave Warriors for Myanmar (BWM)၊ MKCDF၊ မကွေးခရိုင် အမှတ် ၂ တပ်ရင်း၊ ငါးပြေမပြောက်ကျားတပ်ဖွဲ့နဲ့ တောင်တွင်းကြီးပကဖတို့ ပူးပေါင်းပြီး မကွေးလေတပ်စခန်းဌာနချုပ်အား ၁၀၇ မမ ရှော့တိုက်ဒုံး ၅ လုံးနဲ့ ပစ်ခတ်ခဲ့ရာ ၄ လုံးမှာ ပစ်မှတ်ကို ထိမှန်ခဲ့ပါတယ်။
Source/Photo: BWM