ကောင်းကင်ယံမှာ ‘မီးကွင်း’ (Ring of Fire) သဏ္ဌာန် တောက်ပနေတဲ့ နေကြတ်မှုဖြစ်စဉ်ကို အီစတာကျွန်း အပါအဝင် တောင်အမေရိက နေရာတချို့မှာ အောက်တိုဘာ ၂ ရက်က မြင်တွေ့ခွင့်ရပါတယ်။
ကမ္ဘာနဲ့ နေကြားကို လဝင်လာတဲ့အချိန်မှာ နေကြတ်တာဖြစ်ပြီး လက ကမ္ဘာကိုပတ်တဲ့ သူ့ပတ်လမ်းရဲ့ အနီးဆုံး ဒါမှမဟုတ် အဝေးဆုံးမှာ ရှိနေတဲ့အချိန်ဆိုရင် ကွင်းပုံသဏ္ဌာန် နေကြတ်မှု ဖြစ်ပေါ်ပါတယ်။
လက နေကို လုံးဝ အပြည့်ကွယ်မပေးနိုင်တဲ့အတွက် နေလုံးကြီးက လက်စွပ်ပုံ၊ ကွင်းပုံသဏ္ဌာန် အပြင်ကို ထွက်နေတာဖြစ်ပါတယ်။
နေအပြည့်ကြတ်ရင်တော့ နေကို လုံးဝကွယ်သွားတဲ့အတွက် ကောင်းကင်တခုလုံး ခေတ္တမှောင်မိုက်သွားလေ့ ရှိပါတယ်။
ဒီတကြိမ် နေကြတ်မှုလမ်းကြောင်းက ပစိဖိတ်၊ အတ္တလန္တိတ်သမုဒ္ဒရာတွေနဲ့ အန္တာတိကတိုက်ပေါ် ဖြတ်ကျပေမဲ့ အီစတာကျွန်း အပါအဝင် အာဂျင်တီးနားနဲ့ ချီလီက တချို့နေရာတွေသာ ‘မီးကွင်း’ပုံစံကို မြင်တွေ့ခွင့်ရတာ ဖြစ်ပါတယ်။
တောင်အမေရိက တောင်ဘက်ခြမ်း၊ အန္တာတိကနဲ့ ဟာဝိုင်အီမှာတော့ နေတပိုင်းကြတ်မှုကို မြင်တွေ့ခဲ့ရပါတယ်။
Source-Reuters