မန်စီးတီးကွင်းလယ်လူ မက်သရူးနူနက်စ်ဟာ စပိန်က နိုက်ကလပ် တခုမှာ ဖုန်းလုယူမူ သံသယနဲ့ ဖမ်းဆီးစစ်ဆေးခံနေရ ပါတယ်။
ပေါ်တူဂီကွင်းလယ်လူဟာ စပိန်နိုင်ငံ၊ မက်ဒရစ်မြို့က နိုက်ကလပ်တခုမှာ အသက် ၅၈ နှစ် အရွယ် အမျိုးသား တယောက်ရဲ့ ဖုန်းကို လုယူခဲ့တယ်လို့ စပိန်သတင်းစာ မန်ဒိုက ဖော်ပြပါတယ်။
မနက် ၅ နာရီခွဲလောက်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး နိုက်ကလပ် သန့်စင်ခန်းမှာ ခွင့်ပြုချက်မရှိဘဲ သူ့ကို ဓာတ်ပုံရိုက်ဖို့ကြိုးစားခဲ့တဲ့ အမျိုးသားရဲ့ ဖုန်းကို လုယူခဲ့တာဖြစ်ပြီး ပြန်လည်ပေးအပ်ခြင်း မရှိခဲ့တာကြောင့် ရဲစခန်းကခေါ်ယူစစ်ဆေးခဲ့တယ်လို့ စပိန်မီဒီယာတွေက ဖော်ပြပါတယ်။
မေးမြန်းစုံစမ်းခဲ့ပြီးနောက် ရဲတပ်ဖွဲ့က နူနက်ဇ်ကို ပြန်လွှတ်ပေးခဲ့တယ်လို့သိရပါတယ်။ နူနက်စ် ဟာ မန်စီးတီးနောက်ဆုံးကစားခဲ့တဲ့ ဆလိုဗန်နဲ့ပွဲမှာ ပွဲထွက်ကစားခွင့်ရခဲ့ပါတယ်။
Photo-Reuters