ထင်ရှားတဲ့ အမေရိကန်အခြေစိုက် အွန်လိုင်းငွေပေးချေမှုကုမ္ပဏီ PayPal ဟာ တရုတ်ကုန်သည်တွေ တကမ္ဘာလုံးကို ပိုတိုးပြီး လက်လှမ်းမီအောင်ချဲ့ထွင်ဖို့ ဒီဇိုင်းထုတ်ထားတဲ့ ကျယ်ပြန့်တဲ့ ပလက်ဖောင်းတခုကို မိတ်ဆက်လိုက်ပါတယ်။
ဒါဟာ တရုတ်ဈေးကွက်မှာ သိသာထင်ရှားတဲ့ ခြေလှမ်းကျဲကြီးတွေ လှမ်းလိုက်နိုင်တာပဲလို့ ကုမ္ပဏီ အမှုဆောင်အရာရှိက ပြောပါတယ်။
PayPal ဟာ တရုတ်နိုင်ငံထဲမှာ သူ့ရဲ့ အပြီးအစီး ငွေပေးချေမှု ပလက်ဖောင်းကို မိတ်ဆက်ခဲ့ပြီး ဒီဖြေရှင်းချက်ဟာ လုပ်ငန်းအရွယ်အစားအားလုံးအတွက် ငွေပေးချေမှုနဲ့ လက်ခံနိုင်မှု လုပ်ငန်းစဉ်တွေကို ချောမွေ့စေခဲ့တာဖြစ်ပြီး နယ်စပ်ဖြတ်ကျော်ငွေပေးချေမှုတွေ ဆောင်ရွက်နိုင်ဖို့ ပံ့ပိုးပေးလိမ့်မယ်လို့ ပြောပါတယ်။
ဒီပလက်ဖောင်းဟာ တရုတ်စီးပွားရေးလုပ်ငန်းတွေနဲ့ ဖောက်သည်တွေကြား ယုံကြည်မှုတည်ဆောက်ပေးနိုင်မှာဖြစ်ပြီး ရွေးချယ်စရာ ငွေပေးချေမှု ပုံစံအမျိုးမျိုးကို ပေးဆောင်နိုင်လိမ့်မယ်လို့ ကုမ္ပဏီကပြောပါတယ်။
ပလက်ဖောင်းအသစ်မှာ စိတ်ကြိုက်ထုတ်ကုန်တွေနဲ့ ဖြေရှင်းချက်များစွာကို ပေါင်းစပ်ထည့်သွင်းထားတယ်လို့၊ PayPal ရဲ့ အသေးစားစီးပွားရေးနဲ့ ငွေကြေးဝန်ဆောင်မှုအဖွဲ့ရဲ့ အမှုဆောင်ဒုဥက္ကဋ္ဌနဲ့ အထွေထွေမန်နေဂျာ မစ်ရှဲဂဲလ်က ကမ္ဘာလုံးဆိုင်ရာ တရုတ်ရုပ်သံ ကွန်ရက် (CGTN) နဲ့ သီးသန့်တွေ့ဆုံမေးမြန်းခန်းမှာ ပြောပါတယ်။
ဒါဟာ တရုတ်နိုင်ငံထဲက လုပ်ငန်းအရွယ်အစားအားလုံးအတွက် ငွေပေးချေမှုတွေကို လွယ်ကူချောမွေ့စေတယ်လို့ သူက ပြောပါတယ်။
ကုမ္ပဏီဟာ အနာဂတ်ပြုပြင်ပြောင်းလဲမှုတွေအတွက် ဗဟိုအစိုးရက ဖော်ပြထားတဲ့အတိုင်း တရုတ်နိုင်ငံရဲ့ အဆင့်မြင့်ဘဏ္ဍာရေးကို သုံးရလွယ်အောင် လမ်းဖွင့်ပေးမှုကို တုံ့ပြန်တဲ့အနေနဲ့ ကုမ္ပဏီတွေဟာ နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုနဲ့အတူ ကြီးထွားလာနေတဲ့ ဒစ်ဂျစ်တယ်စီးပွားရေးမှာ လုပ်ငန်းတွေ ကြီးထွားလာစေရေး အခွင့်အာဏာပေးဖို့ ရည်ရွယ်ထားတယ်လို့လည်း ကုမ္ပဏီတာဝန်ရှိသူက ပြောပါတယ်။