ထိပ်တန်းအဆင့်ခြေစွမ်း မကြာခင်ပြန်ရမယ်လို့ ယုံကြည်ကြောင်း ချဲလ်ဆီးတိုက်စစ်ကစားသမား ပတ်ဒရိုနက်တိုက ပြောသွားပါတယ်။
ပေါ်တူဂီတိုက်စစ်ကစားသမားဟာ အခုနှစ် နွေရာသီအပြောင်း အရွှေ့မှာ ဝုဗ်ကနေ ပေါင် ၅၄ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာပါ။
လက်ရှိအချိန်မှာ အကောင်းဆုံး စွမ်းဆောင်ရည် ပြသနိုင်ခြင်းမရှိသေးပေမဲ့ မကြာတော့တဲ့ အချိန်ကာလအတွင်းမှာ ထိပ်တန်းအဆင့် စွမ်းဆောင်ရည်ပြရမယ်လို့ ယုံကြည်ကြောင်း နက်တိုက ပြောပါတယ်။
ချဲလ်ဆီးအသင်းလို ထိပ်တန်းအသင်းကြီးတသင်းမှာ ကစားနေတဲ့အတွက် အလှည့်ကျ ပွဲထွက်ကစားနေရတာကို နားလည် လက်ခံထားကြောင်း နက်တိုက ပြောပါတယ်။
နက်တိုဟာ ဘာရိုးကို ၅ ဂိုး ဂိုးမရှိနဲ့ အနိုင်ရတဲ့ ပွဲစဉ်မှာ ချဲလ်ဆီးကစားသမားဘ၀ ပထမဆုံးသွင်းဂိုးရယူနိုင်ခဲ့ ပါတယ်။
Photo-Reuters