ဟာရီကိန်းမုန်တိုင်း ဟယ်လင်နာဟာ ဆက်လက်အားကောင်းနေပြီး အမေရိကန်နိုင်ငံ ဖလော်ရီဒါကို ဝင်ရောက်မှာဖြစ်ပါတယ်။
ဟယ်လင်နာ မုန်တိုင်းဟာ အဆင့် ၁ ကနေပြီး အန္တရာယ်ရှိတဲ့တဲ့ အဆင့် ၄ မုန်တိုင်းအဖြစ် အလျင်အမြန် ပြောင်းလဲလာပြီး စက်တင်ဘာ ၂၆ ရက် ဒီနေ့ည ဖလော်ရီဒါကို ဝင်ရောက်မှာဖြစ်ပါတယ်။
မိုးလေဝသခန့်မှန်းသူတွေကတော့ လူသေဆုံးနိုင်တဲ့အထိ လှိုင်းကြီးနိုင်ပြီး၊ လေပြင်းတိုက်ခတ်မှုတွေနဲ့ ဖလော်ရီဒါအပါအဝင် အမေရိကန်အရှေေတောင်ပိုင်းတို့မှာ ရေကြီးနိုင်ကြောင်း သတိပေးချက် ထုတ်ပြန်ထားပါတယ်။
အမေရိကန်အခြေစိုက် ဟာရီကိန်း စင်တာက ဟယ်လင်နာ မုန်တိုင်းဟာ မက္ကဆီကိုပင်လယ်ကွေ့ မြောက်ပိုင်းကို ဝင်ရောက်ပြီးမှာ ဖလော်ရီဒါကို ဝင်မယ်လို့ ဆိုပါတယ်။
ဖလော်ရီဒါ၊ ဂျော်ဂျီယာ၊ မြောက်ကာရိုလိုင်းနား၊ တောင်ကာရိုးလိုင်းနားနဲ့ ဗာဂျီးနီးယား ပြည်နယ်တွေမှာရှိတဲ့ မြို့တော်ဝန်တွေက အရေးပေါ်မုန်တိုင်းသတိပေးချက်တွေ ကြေညာထားပါတယ်။
ဟယ်လင်နာ မုန်တိုင်းဟာ ၁ နာရီကီလိုမီတာ ၁၄၀ အထိ တိုးမြင့်နိုင်ကြောင်း ဟာရီကိန်းစင်တာက ထုတ်ပြန်ပါတယ်။
ဒါ့အပြင် ဟယ်လင်နာဟာ မုန်တိုင်းကြီးအဖြစ် အားကောင်းလာပြီး အဆင့် ၄ အထိ မြင့်တက်ခဲ့ကာ ဖလော်ရီဒါကို ဝင်ရောက်မယ်လို့ ဟာရီကိန်းစင်တာက သတိပေးထားပါတယ်။
ဖလော်ရီဒါပြည်နယ် ဘစ်ဘန်းဒေသမှာ ၂၀၂၃ ခုကလည်း ဟာရီကိန်းဝင်ရောက်ခဲ့ဖူးသလို ပြီးခဲ့တဲ့လကလည်း ဟာရီကိန်းဒက်ဘီ ဝင်ရောက်ခဲ့တာကြောင့် ဒေသခံတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းထားတယ်လို့ ဖလော်ရီဒါ အရေးပေါ်စီမံရေးအဖွဲ့က ဆိုပါတယ်။
Source-Reuters