ဗြိတိန်နိုင်ငံ၊ အင်္ဂလန်ပြည်၊ အယ်လ်ဆက်စတာမှာ စက်တင်ဘာ ၂၁ ရက်နေ့က ကျင်းပတဲ့ ၂၅ မီတာ ကမ္ဘာ့ချန်ပီယံရှစ်တိုင်တက်ပွဲမှာ လက်ရှိချန်ပီယံ ဒန်ဝှီလန်ကပဲ ၄ ကြိမ်မြောက် ဗိုလ်စွဲခဲ့ပါတယ်။
အသက် ၂၇ နှစ်အရွယ်ဝှီလန်ဟာ အမျိုးသားဗိုလ်လုပွဲမှာ ၉ ဒသမ ၉ စက္ကန့်နဲ့ တိုင်ထိပ်ရောက်ပြီး ပြိုင်ဘက် လီးဝစ်ဘင်းနက်ကို အနိုင်ယူခဲ့တာဖြစ်ပါတယ်။
ဝှီလန်ဟာ ၄ ကြိမ်မြောက်ချန်ပီယံဖြစ်ရုံသာမကဘဲ အရင်တုန်းက ၈ ဒသမ ၈ စက္ကန့်နဲ့ ကမ္ဘာ့အမြန်ဆုံးစံချိန်တင်ထားသူလည်းဖြစ်ပါတယ်။
အမျိုးသမီးပြိုင်ပွဲဗိုလ်လုပွဲမှာတော့ ခလိုး ဘားနက်ဒ်က အမ်မာကိတ်ဘရက်ခ်ကို အနိုင်ရဗိုလ်စွဲခဲ့ပါတယ်။
လျင်မြန်မှုနဲ့ ကျွမ်းကျင်မှုကိုအားပြုရတဲ့ တိုင်တက်ပွဲမှာ ၂၅ မီတာမြင့်တဲ့ သစ်သားတိုင်ကို တွယ်တက်ရတာဖြစ်ပြီး ဆူးချွန်ပါတဲ့ဖိနပ်၊ သိုင်းကြိုးနဲ့ ဘေးကင်းရေးကိရိယာတွေ တပ်ဆင်အသုံးပြုနိုင်ပြီး တိုင်ထိပ်ကိုရောက်မှ အချိန်မှတ်တမ်းတင်မှုရပ်ဆိုင်းပြီး စံချိန်ယူတာဖြစ်ပါတယ်။
Source-Reuters