ဘိုးရင်းရဲ့ စတားလိုင်နာ အာကာသယာဉ်ဟာ လူမပါဘဲ စက်တင်ဘာ ၆ ရက်က ကမ္ဘာကို ပြန်လည်ဆင်းသက်ခဲ့ပါတယ်။
စတားလိုင်နာ အာကာသယာဉ်ဟာ သောကြာနေ့ညက နယူးမက္ကဆီကို သဲကန္တာရမှာ ဆင်းသက်ခဲ့ တာပါ။
စတားလိုင်နာ ကမ္ဘာမြေပြန်လည်ဆင်းသက်ခဲ့တာကို နာဆာက လိုက်လွှင့်ပြသခဲ့ပြီး ပြဿနာ တစုံတရာ မရှိဘူးလို့ ဖော်ပြပါတယ်။
၃ လစမ်းသပ်တဲ့မစ်ရှင်ဟာ နည်းပညာပြဿနာကြောင့် စတားလိုင်နာမှာ လိုက်ပါခဲ့တဲ့ အာကာသယာဉ်မှူး ၂ ဦးစလုံး နိုင်ငံတကာအာကာသစခန်းမှာ လာမယ့်နှစ်အထိ သောင်တင် နေပါတယ်။
နာဆာအာကာသယာဉ်မှူးတွေဖြစ်တဲ့ ဝီလ်မိုးနဲ့ ဆူနီဝီလျံတို့ဟာ ဇွန်လက စတားလိုင်နာကို ပထမဆုံးလိုက်ပါတဲ့သူတွေဖြစ်ခဲ့ပါတယ်။
ဘိုးရင်းအတွက်လည်း လူလိုက်ပါတဲ့ အာကာသယာဉ်လွှတ်တင်မှု ပထမဆုံးအကြိမ်ဖြစ်ပါတယ်။
အာကာသယာဉ်မှူး ၂ ဦးဟာ ကမ္ဘာကို လာမယ့်နှစ်မှာ ပြန်လည်ဆင်းသက်မှာဖြစ်ပြီး SpaceX ရဲ့ Crew Dragon နဲ့ လိုက်ပါမှာဖြစ်ပါတယ်။
စတားလိုင်းနာဟာ ည ၁၁ နာရီမှာ ကမ္ဘာ့လေထုထဲ စတင်ဝင်ရောက်ခဲ့ပြီး ၁ နာရီမိုင် ၁၇၀၀၀ နှုန်းနဲ့ ဆင်းသက်ခဲ့ကာ ၄၅ မိနစ်အကြာမှာ လေထီးပွင့်ခဲ့ပြီး မြေပြင်ကို ဆင်းသက်နိုင်ခဲ့တာဖြစ်ပါတယ်။
၂၀၁၄ ခုနှစ်ကစပြီး ဘိုးရင်းနဲ့ SpaceX တို့ကို နာဆာက အာကာသအတွင်း ပျံသန်းဖို့ ကန်ထရိုက် စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။
အဲဒီစာချုပ်အရ ဘိုးရင်းက ၄ ဒသမ ၂ ဘီလီယံ ရမှာဖြစ်ပြီး SpaceX က ၂ ဒသမ ၆ ဘီလီယံရမှာ ဖြစ်ပါတယ်။
SpaceXဟာ နာဆာအတွက် အာကာသထဲကို အာကာသယာဉ်မှူး ၉ ဦး ပို့ဆောင်ပေးခဲ့ဖူးပြီး ဘိုးရင်းအတွက်တော့ လူလိုက်ပါမှု ပထမဆုံးအကြိမ်ဖြစ်ပါတယ်။
ဘိုးရင်းရဲ့ စတားလိုင်နာယာဉ်ဟာ ယာဉ်တည်ဆောက်မှုနှောက်နှေးတာတွေ ရှိခဲ့ဖူးပြီး ၂၀၁၉ နဲ့ ၂၀၂၂ ခုနှစ်တွေတုန်းကလည်း နည်းပညာပြဿနာတွေကြောင့် လူမပါဘဲ စေလွှတ်ခဲ့ရဖူးပါတယ်။
Source-Reuters