မန်ယူအသင်းရဲ့ ကမ်းလှမ်းချက်ကို ဂျာမန်နည်းပြ သောမက်စ်တူချယ်လ်ဘက်က လက်မခံခဲ့တဲ့ အကြောင်းအရင်းတခု ထွက်ပေါ်လာပါတယ်။
ဂျာမန်သတင်းစာ Bild ရဲ့ ဖော်ပြချက်အရ မန်ယူအသင်းဟာ ပြီးခဲ့တဲ့ရာသီက တူချယ်လ်ကို ခေါ်ယူခန့်အပ်ဖို့ ကမ်းလှမ်းခဲ့ပြီး အပြောင်းအရွှေ့ကိစ္စတွေမှာ လုပ်ပိုင်ခွင့် အပြည့်အဝ မရရှိ တာကြောင့် ကမ်းလှမ်းချက်ကို လက်မခံခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
တူချယ်လ်ဟာ ချဲလ်ဆီး၊ ဒေါ့မွန်နဲ့ ဘိုင်ယန်မြူးနစ်အသင်းတွေကို တာဝန်ယူစဉ်ကလည်း အသင်းဘုတ်အဖွဲ့ ဝင်တွေနဲ့ သဘောထားကွဲလွဲမှုတွေ ရှိခဲ့ပါတယ်။
မန်ယူအသင်းဟာ နည်းပြ တန်ဟတ်ဂ်ကို ဆက်လက်တာဝန်ပေးခဲ့ပြီးနောက် အပြောင်းအရွှေ့ အတွက် ငွေကြေးပေါင်သန်း ၂၀၀ လောက် သုံးစွဲခဲ့တာပါ။
တူချယ်လ်ဟာ အသင်းသစ် တသင်းတည်ဆောက်ဖို့ အပြောင်းအရွှေ့မှာ လုပ်ပိုင်ခွင့်အပြည့်အဝ ရရှိချင်သူဖြစ်တယ်လို့ ဂျာမန်ဘောလုံးကျွမ်းကျင်သူ မာဆယ်ရိဖ်က မှတ်ချက်ပေးသွားပါတယ်။
Photo-Reuters