ဆွစ် အဲ့ပ်စ်တောင်တန်းပေါ်မှာ ဂရင်မ်ဆဲလ် တောင်ကျော်လမ်းကို ဖြတ်ပြီး မြေပြိုသလို၊ မြစ်ရေစီးသလို တိမ်တိုက်ထုကြီး ထိုးဆင်းလာပုံကို မြင်တွေ့ခွင့်ရခဲ့ကြပါတယ်။
ဩဂုတ် ၂၆ ရက်က ရိုက်ကူးထားနိုင်ခဲ့တဲ့ ဒီမိုးလေဝသဖြစ်စဉ်ကို Time lapse ဗီဒီယိုအဖြစ် တင်ဆက်ပေးထားပါတယ်။
လုံလောက်အောင် စွတ်စိုအေးမြနေတဲ့လေထုကို တောင်တန်းနဲ့ ထောင့်မှန်ကျအောင် တိုက်ခတ်လာတဲ့ လေကမှုတ်ထုတ်လိုက်တဲ့အခါမှာ ဒီလို ဆန်းကျယ်တဲ့ မြင်ကွင်းကို တွေ့မြင့်ရတာဖြစ်ပါတယ်။
သိပ္ပံပညာရှင်တွေကတော့ ဒီဖြစ်စဉ်ကို "ဖန်း" လို့ ခေါ်ပြီး ဂျာမန်ဘာသာနဲ့ လေမှုတ်စက်ကို ခေါ်တာဖြစ်ပါတယ်။
Source-Reuters