ထိုင်းဝန်ကြီးချုပ် ဆေထာထဝီးဆင်ဟာ ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးရဲ့ အဆုံးအဖြတ်ကို လက်ခံကြောင်းနဲ့ သူ့ရဲ့၀န်ကြီးချုပ် ရာထူးသက်တမ်းအတွင်း သူ့တာဝန်ကို ရိုးသားစွာနဲ့ အကောင်းဆုံး ထမ်းဆောင်ခဲ့ကြောင်း သြဂုတ် ၁၄ ရက်က ပြောကြားခဲ့ပါတယ်။
ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက သူ့ကို ကျင့်ဝတ်ပြင်းပြင်းထန်ထန် ချိုးဖောက်မှုအတွက် ရာထူးက ဖယ်ရှားဖို့ ဆုံးဖြတ်ခဲ့ပြီးနောက်မှာ ထိုင်းဝန်ကြီးချုပ်က ပြောကြားလိုက်တာပါ။
ဒါပေမဲ့ သူ့ရဲ့၀န်ကြီးချုပ် ရာထူးသက်တမ်း တစ်နှစ် ဒါမှမဟုတ် တစ်နှစ်နီးပါး တလျှောက်လုံး မှန်မှန်ကန်ကန် လုပ်ဆောင်နိုင်အောင် ကြိုးစားခဲ့ကြောင်းနဲ့ သူ့ရဲ့အလုပ်အပေါ် သစ္စာရှိရှိနဲ့ ရိုးသားဖြောင့်မတ်စွာ ရပ်တည်ခဲ့ကြောင်းကို ကတိသစ္စာပြုပါတယ်လို့လည်း ဆိုပါတယ်။
သူဟာ ပါတီအားလုံးရဲ့ သဘောထားအမြင်တွေကို နားထောင်ခဲ့ပြီး လူတိုင်းအတွက် ငြင်းခုံစရာ ကိစ္စလည်း မဖြစ်ခဲ့ဘူး ဆိုတာကို အသေအချာပြောနိုင်တယ်လို့လည်း ပြောဆိုပါတယ်။
ဒါပေမဲ့ သူ့ကို ကျင့်ဝတ်ပျက်ယွင်းတဲ့ ၀န်ကြီးချုပ်တဦးအဖြစ် ရှုမြင်ခံရတဲ့အတွက် စိတ်မကောင်းဖြစ်ရကြောင်းနဲ့ တရားစီရင်ရေးက ဆုံးဖြတ်ချက်ချတဲ့အခါမှာတော့ လက်ခံပေးပါတယ်လို့လည်း ဆေထာထဝီးဆင်က ပြောပါတယ်။
ဆေထာထဝီးဆင်ဟာကို တရားရုံးက ရာထူးထုတ်ပယ်ပြီးနောက်မှာ ဝန်ကြီးချုပ်သစ် ရွေးချယ်ဖို့အတွက် ထိုင်းနိုင်ငံအောက်လွှတ်တော်ဟာ သြဂုတ် ၁၆ ရက် သောကြာနေ့မှာ အစည်းအဝေး ကျင်းပမှာဖြစ်ကြောင်း ခေါင်းဆောင်ဟောင်းရဲ့ ရုံးအကြီးအကဲဖြစ်သူက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။
Source-Reuters