ပနားမား ကော်ဖီအမျိုးအစားတမျိုးဟာ အွန်လိုင်းလေလံမှာ ၁ ကီလိုကို ၁၀,၀၁၃ ဒေါ်လာအထိ ရရှိခဲ့ပြီး အမြင့်ဆုံးကော်ဖီစျေးနှုန်းအဖြစ် စံချိန်တင်ခဲ့ပါတယ်။
ဒါဟာမနှစ်က အမြင့်ဆုံးဈေးဖြစ်တဲ့ ၁၀,၀၀၅ ဒေါ်လာ စံချိန်ကို ကိုယ်တိုင်ထပ်ချိုးခဲ့တာလည်း ဖြစ်ပါတယ်။
ပနားမားနိုင်ငံမှာ စိုက်ပျိုးတဲ့ လာမတ်စတတ်မိသားစုရဲ့ အယ်လီဒါဂက်ရှာ သဘာဝ ဗွယ်လ်တာ ကော်ဖီကို ဂျပန်ကုမ္ပဏီ ဆာဇာကော်ဖီက ပနားမားရဲ့ အကောင်းဆုံးများလေလံပွဲ ၂၀၂၄ မှာ ဝယ်ယူခဲ့တာဖြစ်ပါတယ်။
ဒီလေလံဟာ ပနားမားအထူးပြုကော်ဖီအသင်းက ကြီးမှူးကျင်းပတဲ့ ၂၈ ကြိမ်မြောက် ပြိုင်ပွဲမှာ အကောင်းဆုံးလို့သတ်မှတ်ခံရတဲ့ ကော်ဖီတွေကို ရောင်းချတာဖြစ်ပါတယ်။
ပနားမားကော်ဖီခြံကြီးတွေက ကောင်းပေ့ဆိုတဲ့ ကော်ဖီတွေကို ကမ္ဘာတလွှားက အထူးပြုကော်ဖီကျွမ်းကျင်ပညာရှင်တွေက အကဲဖြတ် အမှတ်ပေးကြတာဖြစ်ပြီး ဒီပွဲက ကော်ဖီရောင်းရငွေဟာ ဒေါ်လာ ၁ သန်းကျော်တယ်လို့ ဆိုပါတယ်။
ဆုရသွားတဲ့ ဂက်ရှာကော်ဖီဟာ ကော်ဖီစိုက်သက်တမ်း နှစ် ၁၀၀ ကျော်ရှိတဲ့ အယ်လီဒါခြံက စိုက်ပျိုးထုတ်လုပ်တာဖြစ်ပါတယ်။
ဂက်ရှာ ကော်ဖီကို ဂေရှာကော်ဖီလို့လည်း စာလုံးပေါင်းတတ်ကြပေမဲ့ ဂျပန်ဂေရှားမယ်တွေနဲ့ မပတ်သက်ဘဲ အီသီယိုးပီးယားနိုင်ငံ၊ ဂိုရီဂက်ရှားသစ်တောက စတင်ခဲ့တဲ့မျိုးရင်း ဖြစ်ပါတယ်။
Source-Reuters