အင်္ဂလန်အသင်းကို အသင်းလိုက်စုဖွဲ့မှုနဲ့ အနိုင်ယူနိုင်စွမ်းရှိကြောင်း ဆလိုဗက်ကီးယား အသင်းခေါင်းဆောင် နောက်ခံလူ ဆက်ကရီနီယာက ပြောကြားလိုက်ပါတယ်။
အင်္ဂလန်နဲ့ ဆလိုဗက်ကီးယားအသင်းတို့ဟာ ယူရို ၂၀၂၆ ပြိုင်ပွဲရဲ့ ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်အဖြစ် လာမယ့် ဇွန် ၃၀ ရက်မှာ ယှဉ်ပြိုင်ကစားသွားရမှာပါ။
အဲဒီပွဲစဉ်မှာ အင်္ဂလန်အသင်းကို အသင်းလိုက်စုဖွဲ့မှုနဲ့ အနိုင်ယူနိုင်စွမ်းရှိကြောင်း ဆက်ကရီနီယာ ကပြောခဲ့တာပါ။
အင်္ဂလန်အသင်းမှာ တဦးချင်းခြေစွမ်းကောင်းမွန်တဲ့သူတွေရှိတာကြောင့် ပွဲကို အဆုံးအဖြတ်ပေးနိုင်တဲ့ ကစားသမားတွေလည်းရှိကြောင်း၊ ဒီလိုအခြေအနေကြောင့် အသင်းလိုက် စုစည်းညီညွတ်မှုနဲ့ ကျော်ဖြတ်အနိုင်ယူသွားရမှာဖြစ်ကြောင်း ဆလိုက်ဗက်အသင်းခေါင်းဆောင် ဆက်ကရီနီယာက ပြောပါတယ်။
အင်္ဂလန်အသင်းဟာ စွမ်းဆောင်ရည်မကောင်းလို့ ဝေဖန်ခံနေရတာကြောင့် ဖိအားရှိနေပြီး အဲဒီအချက်ကို အသုံးချသွားမှာဖြစ်ကြောင်း ဆက်ကရီနီယာက ပြောသွားပါတယ်။