Home
နိုင်ငံတကာ
နှစ် ၄၄,၀၀၀ သက်တမ်းရှိ ဝံပုလွေအလောင်းကို ရုရှားသိပ္ပံပညာရှင်များ ခွဲစိတ်စစ်ဆေး
DVB
·
June 29, 2024
Photo Crd- North-Eastern Federal University via REUTERS

ရုရှားအရှေ့မြေက်ဖျား ယာကူတီယာဒေသက အစဉ်အေးခဲနေတဲ့ မြေလွှာထဲမှာ အနှစ် ၄၄,၀၀၀ ကြာ အေးခဲနေခဲ့တဲ့ ဝံပုလွေ တကောင်ရဲ့ ရုပ်အလောင်းကို သိပ္ပံပညာရှင်တွေက ခွဲစိတ် စစ်ဆေး နေကြပါတယ်။ 

ဒီဝံပုလွေအသေကောင်ကို ၂၀၂၁ ခုနှစ် မတော်တဆတွေ့ရှိခဲ့တာဖြစ်ပြီးအခု အချိန်မှ သိပ္ပံပညာရှင် တွေ စတင်လေ့လာခွင့်ရတာဖြစ်ပါတယ်။ 

ပလေစတာဆင်းလို့ ခေါ်တဲ့ ရေခဲခေတ်နှောင်းက အမဲလိုက်သတ္တဝါ တကောင်ရဲ့ ခန္ဓာကိုယ်ကို အခုလိုအကောင်းအတိုင်းတွေ့ရတာဟာ ကမ္ဘာမှာ ပထမဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

ယာကူတီယာဒေသဟာ အာတိတ်သမုဒ္ဒရာနဲ့ ရုရှားရဲ့ အာတိတ်အရှေ့ဖျားဒေသကြားမှာတည်ရှိပြီး နယ်မြေ ၉၅ ရာခိုင်နှုန်းဟာ အစဉ်အေးခဲတဲ့ မြေလွှာတွေ ဖြစ်ပါတယ်။  

ဒီဒေသမှာ ဆောင်းတွင်းဆိုရင် အပူချိန်က အနုတ် ၆၄ ဒီဂရီဆဲလ်စီးယပ်စ်အထိ ကျဆင်းလေ့ ရှိပါတယ်။ 

ပုံမှန်အားဖြင့်ဆိုရင် အပင်စားတိရစ္ဆာန်တွေ သေရင်၊ စိမ့်နွံတွေထဲမှာ နစ်ပြီး အေးခဲပြီး အကောင်း ပတိ ကျန်ခဲ့တာမျိုးတွေ့ရလေ့ရှိပါတယ်။ 

ဒါပေမဲ့ ဒီလောက်ကြီးတဲ့ အသားစားတိရစ္ဆာန် တကောင် ဒီလိုမျိုး အကောင်းအတိုင်း တွေ့ရတာက တော့ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013