Home
အာရှဒေသ
မြောက်ကိုရီးယားပြည်သူတွေရဲ့စိတ်နှလုံးကို ဖွင့်ပေးနေတဲ့ ခေတ်ပေါ်ရေဒီယိုစခန်းများ
DVB
·
September 20, 2014
North_Korea_Radio_web_140913_672
မြောက်ကိုရီးယားက မီဒီယာတွေဟာ အကန့်အသတ်နဲ့သာ ရေးသားဖော်ပြခွင့်ရှိပါတယ်။ ဒါပေမယ့် ဆော့ဖ်ဝဲက တဆင့် တောင်ကိုရီးယားကနေ မြောက်ကိုရီးယားကို ထုတ်လွှင့်ပေးနေတဲ့ ရေဒီယိုထုတ်လွှင့်ရေးစခန်းတွေ အများကြီးရှိနေပါတယ်။ ဒီစခန်းတွေက နေ့စဉ်သတင်းတွေ၊ အထူးအစီအစဉ်တွေနဲ့ သုံးသပ်ချက်တွေကို မြောက်ကိုရီးယားပြည်သူတွေအတွက် ထုတ်လွှင့်ပေးနေတာ ၁၀ နှစ်နီးပါးရှိနေပါပြီ။ North_Korea_Radio_web_140913_672ရေဒီယိုစခန်းတခုရဲ့ ဥက္ကဋ္ဌဖြစ်သူ ကွမ်ဘိရဲ့ မကြာသေးခင်က ဂျကာတာကို လာရောက်လည်ပတ်တဲ့ခရီးစဉ်မှာ သူတို့ထုတ်လွှင့်နေတဲ့ အစီအစဉ်တွေရဲ့အကြောင်း အာရှဒေသအစီအစဉ်အတွက် ဗစ်ထရီအန်ဂရီနီက တွေ့ဆုံဆွေးနွေးထားပါတယ်။ ''ကျနော်တို့ ထုတ်လွှင့်တဲ့အစီအစဉ် ၃ မျိုးရှိတယ်။ ပထမဆုံးက သတင်းပေါ့။ မြောက်ကိုရီးယား၊ တောင် ကိုရီးယားနဲ့ ကမ္ဘာ့သတင်း ၁ နာရီစာ ထုတ်လွှင့်တယ်။ ဒုတိယကတော့ ပညာရေးပေါ့။ လွတ်လပ်မှု၊ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီနဲ့ပတ်သက်တဲ့ အတွေးအခေါ်ကို မြောက်ကိုရီးယား ပြည်သူတွေကို ပညာပေးတဲ့ အစီအစဉ်ပေါ့ဗျာ။ နောက်တခုက ယဉ်ကျေးမှုနဲ့ပတ်သက်တဲ့ အစီအစဉ် ထုတ်လွှင့်ပေးတယ်။ အဲတော့ မြောက်ကိုရီးယား ပြည်သူတွေအဖို့ နိုင်ငံခြားသီချင်းနဲ့ ရုပ်ရှင်အစီအစဉ်တွေကို နားဆင်ခွင့်ရကြတာပေါ့။'' ခင်ဗျားတို့ရဲ့ရေဒီယိုအစီအစဉ်နဲ့ပတ်သက်လို့ မြောက်ကိုရီးယားပြည်သူတွေဆီက ဘာတွေပြန်ကြားရလဲ။ ''မြောက်ကိုရီးယားပြည်သူတွေရဲ့အသံတွေကို တိုက်ရိုက်သိခွင့်ကြားခွင့်ရဖို့က မဖြစ်နိုင်သလောက်ပါ။ ဒီလူ့အဖွဲ့အစည်းက လုံးဝကို တံခါးပိတ်ခံထားတော့လေ။ ဒါပေမယ့် ကျနော်တို့ရေဒီယိုအစဉ်ကို သူတို့နားထောင်ကြတဲ့အကြောင်း မြောက်ကိုရီးယားက ထွက်ပြေးလာသူတွေဆီက ပြန်ကြားရပါတယ်။ ဒီလိုတဆင့်သိရတာနဲ့တင် နားဆင်သူ မြောက်ကိုရီးယားပြည်သူအချို့ ရှိနေတယ်ဆိုတာ သိနိုင်ပါတယ်။ ပြည်ပြေး ၂၀၀ လောက်ကို စစ်တမ်းကောက်ကြည့်တော့ ၅ ယောက်က Radio Free Chosun ကို နားဆင်သူတွေ ဖြစ်နေပါတယ်။'' “တကယ်တော့ နိုင်ငံခြားရေဒီယိုအစီအစဉ်ကို နားထောင်တာဟာ မြောက်ကိုရီးယားမှာတော့ ပြစ်မှုကျူးလွန်တာပဲ။ အရေးယူခံရမယ့် နိုင်ငံရေးပြစ်မှုပဲ။ ဒါပေမယ့် မကြာခင်က ပြစ်ဒဏ်လျှော့ပေးလိုက်တော့ နားဆင်သူ အရေအတွက် တိုးလာဖို့ရှိတာပေါ့။'' ခင်ဗျားတို့အစီအစဉ်ကို နားထောင်တဲ့သူတွေဆိုရင် ဘယ်လိုအပြစ်ပေးခံခဲ့ရလဲ။ ''အရိုးရှင်းပြစ်ဒဏ်ကတော့ ခင်ဗျားရေဒီယိုကို သိမ်းလိုက်တာပေါ့။ ဒါက အလွယ်ဆုံးပဲလေ။ ဒါပေမယ့် ခင်ဗျားကို ထောင်ထဲပို့ချင်လည်း ရတာပဲ။ အပြင်းထန်ဆုံးပြစ်ဒဏ်ကတော့ သေဒဏ်ပေးလိုက်တာပဲ။ ဒါပေမယ့် သေဒဏ်ပေးတာကတော့ ရှားပါတယ်။ ကျနော်တို့ကြားတာက အဲ့လိုရင်ဆိုင်ရတဲ့သူတွေက လာဘ်ထိုးပြီး အပြစ်လွတ်အောင် လုပ်ကြတယ်တဲ့။ ရဲတွေနဲ့ တရာရေးစနစ်က အတော့်ကိုအကတိလိုက်စားတယ်ဆိုပဲ။ အကျင့်ပျက်ခြစားမှုက အတော့်ကိုလွှမ်းမိုးနေတာ။ ခုဆိုရင် ပြစ်ဒဏ်လျှော့ပေါ့လိုက်တော့ သောတရှင်တွေ ပိုတိုးလာပြီးပေါ့ဗျာ။'' နားထောင်သူအရေအတွက်က ပြစ်ဒဏ်တွေလျှော့ပေါ့လိုက်လို့ တိုးလာတာလား ဒါမှမဟုတ် ပြည်သူတွေက သူတို့နိုင်ငံမှာ တခုခုဖြစ်နေပြီဆိုပြီး သတိထားမိလာကြလာကြလို့ တိုးလာတာလား။ ''တကယ့်ကို ထိမိတဲ့မေးခွန်းပဲ။ အဲဒီ ၂ ချက်စလုံးကြောင့်လို့ ကျနော်ထင်တယ်။''

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013