ပီရူးနိုင်ငံမှာ အပူလှိုင်းနဲ့ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုနှုန်း မြင့်တက်လာတဲ့အတွက် ဖေဖော်ဝါရီ ၂၆ ရက်က ပီရူးနိုင်ငံတဝန်း ကျန်းမာရေး အရေးပေါ်အခြေအနေ ကြေညာခဲ့ပါတယ်။
သွေးလွန်တုပ်ကွေးနဲ့ ဝက်သက်ရောဂါကို ကိုင်တွယ်ဖြေရှင်းဖို့ နိုင်ငံရဲ့ ဒေသပေါင်း ၂၀ ကို ရက်ပေါင်း ၉၀ ကျန်းမာရေး အရေးပေါ်အခြေအနေ ကြေညာရဖို့ရှိကြောင်း ပီရူးဝန်ကြီးချုပ် အယ်လ်ဘာတို အိုတာရိုလာက ပြောပါတယ်။
တောင်အမေရိကနိုင်ငံမှာ ဗိုင်းရပ်စ်ကြောင့် အခုနှစ်အထိ သေဆုံးသူ ၃၂ ဦးအထိ မြင့်တက်လာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီး ဆီဇာဗက်စ်ကွက်ဇ်က တနင်္လာနေ့မှာ ပြောကြားခဲ့ပါတယ်။
အခုနှစ်ရဲ့ ပထမ ၈ ပတ်မှာ စုစုပေါင်းရောဂါဖြစ်ပွားမှု ၃၁,၃၀၀ ထိ တိုးလာခဲ့ကြောင်း ဗက်စ်ကွက်ဇ်က ပြောကြားပြီး ပထမ ၇ ပတ်မှာ ရောဂါဖြစ်ပွားသူ ၂၄,၉၈၁ ဦးကနေ မြင့်တက်ခဲ့တာ ဖြစ်ပါတယ်။
သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားလုနီးနေပြီလို့ ပြောကြားပြီး နာရီပိုင်းအကြာမှာပဲ ပီရူးအစိုးရရဲ့ ကက်ဘိနက်အဖွဲ့က တနင်္လာနေ့မှာ ကျန်းမာရေး အရေးပေါ်အခြေအနေ ကြေညာမယ့်အဆိုကို အတည်ပြုခဲ့ကြောင်း ဗက်စ်ကွက်ဇ်က သတင်းထောက်တွေကို ပြောပါတယ်။
အခုချိန်အထိ ပီရူးမှာတွေ့ရတဲ့ ရောဂါအများစုဟာ နိုင်ငံရဲ့ မြောက်ဘက်မှာဖြစ်ပြီး ဆေးရုံတွေမှာလည်း လူနာတွေ ပြည့်နေပြီလို့ ဆိုပါတယ်။
ကက်စ်မာပြည်နယ်မှာ အခြေအနေတွေက ရှုပ်ထွေးနေပြီး ကိုမန်ဒန်းတဲ နိုဝယ်လ်၊ ဘွေနာ ဗစ်စ်တာနဲ့ ယောင်တန် ခရိုင်တွေမှာလည်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုတွေကို အစီရင်ခံထားကြောင်း ကက်စ်မာမြို့တော်ဝန် ဟူလီယို မယ်လန်ဒက်ဇ်က ပြောပါတယ်။
“ကံမကောင်းချင်တော့ ဆေးရုံတွေမရှိဘူး၊ ထမ်းစင်တွေလည်း မရှိတော့လို့ ကက်စ်မာမြို့မှာ လူတိုင်းကို ဒီအတိုင်းကုသနေရတယ်”လို့လည်း ပြောပါတယ်။
၂၀၂၃ ခုနှစ်ကတည်းက အန်ဒီယန်နိုင်ငံဟာ ပီရူးနိုင်ငံရဲ့ ကမ်းရိုးတန်းမှ ပင်လယ်ပြင်ကို ပူနွေးလာစေတဲ့ အယ်လ်နီညို ရာသီဥတုဖြစ်စဉ်ကြောင့် အပူချိန်မြင့်မားပြီး မိုးသည်းထန်စွာ ရွာသွန်းမှုတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။
Source/Photo-REUTERS/Sebastian Castaneda