Home
နိုင်ငံတကာ
နာမည်ကျော် သိပ္ပံဆန်းကြယ် "Dune: Part Two" ရုပ်ရှင် ပွဲဦးထွက် မိတ်ဆက်ပြသ
DVB
·
February 27, 2024
movie world 2722024

လွန်ခဲ့တဲ့ ၂၀၂၁ ခုနှစ်က ထွက်ရှိခဲ့ပြီး ပရိသတ်တွေ အားပေးမှု ရရှိခဲ့ကာ ရုပ်ရှင်ထူးချွန်ဆုတွေ အများကြီး ရရှိခဲ့တဲ့ နာမည်ကျော် Dune ရုပ်ရှင်ရဲ့ နောက်ဆက်တွဲ "Dune: Part Two" ရုပ်ရှင်ကို မတ် ၁ ရက်နေ့ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

ဒီကားရဲ့ အထူးပွဲပြသမှုကိုတော့ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ ဖေဖော်ဝါရီ ၂၆ ရက်က ပြုလုပ်ခဲ့ပြီး ဒီရုပ်ရှင်ကားရဲ့ ဒါရိုက်တာ၊ ပါဝင်တဲ့ သရုပ်ဆောင် အနုပညာရှင်တွေ တက်ရောက်ခဲ့ကြပါတယ်။

သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်ကားတကားအနေနဲ့ ဖန်တီးပုံဖော်ထားတဲ့ Dune ရုပ်ရှင်ကတော့ ၁၉၆၅ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဖရန့်ဟားဘတ်ရဲ့ Dune အမည်နဲ့ ထွက်ရှိခဲ့တဲ့ ဝတ္ထုကို အခြေခံ ရိုက်ကူးထားတာဖြစ်ပြီးတော့ အော်စကာဆုတွေ အပါအဝင် ဆုပေါင်းများစွာ ရရှိထားပြီးတော့  Box Office ရုံတင်ဝင်ငွေ ၄၃၄ သန်းကျော်ထိ စံချိန်တင် ရရှိခဲ့တာပါ။

ဟောလိဝုဒ် နာမည်ကျော်တွေ ဖြစ်ကြတဲ့ သရုပ်ဆောင် တီမိုသီချာလမက်၊ ရေဗက်ကာ ဖာဂူဆန်၊ ဇန်ဒါရာစတဲ့ သရုပ်ဆောင်တွေ အများအပြားနဲ့ ဒီရုပ်ရှင်ကားရဲ့  နောက်ဆက်တွဲ ဒုတိယမြောက် "Dune: Part Two" ရုပ်ရှင်ကိုလည်း ကောင်းမွန်တဲ့ မှတ်ချက်တွေနဲ့အတူ စောင့်မျှော်နေကြပါတယ်။

ကြာမြင့်ချိန် ၁၆၇ မိနစ်ရှိတဲ့ ဒီကားကိုတော့ ဘတ်ဂျတ် အမေရိကန်ဒေါ်လာ သန်း ၁၉၀ အကုန်အကျခံ ရိုက်ကူးထားတာပါ။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024