ကမ္ဘာ့ဓာတ်ငွေ့စျေးနှုန်း သိသိသာသာ ကျဆင်းနေပေမဲ့ အမေရိကန်လို ပြိုင်ဘက်တွေနဲ့ အပြင်းအထန် ပြိုင်ဆိုင်နေလို့ ကာတာနိုင်ငံက ဓာတ်ငွေ့ထုတ်တာ ပိုတိုးမြှင့်မယ်လို့ ကာတာအင်နာဂျီလုပ်ငန်း အကြီးအကဲ ဆာအိအယ်လ်ခါဘိက ဖေဖော်ဝါရီ ၂၅ ရက်မှာ ကြေညာပါတယ်။
လက်ရှိတိုးချဲ့မယ့် အစီအမံထဲကို နောက်ထပ် တနှစ်ကို ဓာတ်ငွေ့တန်ချိန် ၁၆ သန်း ထပ်တိုးပြီး စုစုပေါင်း တနှစ်ကို ဓာတ်ငွေ့တန်ချိန် သန်းပေါင်း ၁၄၂ သန်း ရောက်တဲ့အထိ ဓာတ်ငွေ့ရည်ထုတ်လုပ်မှု တိုးချဲ့မယ်လို့ သူက ကြေညာခဲ့တာပါ။
ထိပ်တန်း ရေနံဓာတ်ငွေ့ တင်ပို့ရောင်းချသူတွေထဲက တနိုင်ငံဖြစ်တဲ့ အမေရိကန်က ငွေကြေးဖောင်းပွမှုကို ထိန်းညှိုဖို့ သက်တမ်းတလျှောက် အနိမ့်ဆုံးနီးပါး ဖြစ်တဲ့အထိ အမေရိကန်ဓာတ်ငွေ့စျေး ကျဆင်းနေချိန်မှာ ကာတာက ခုလိုကြေညာခဲ့တာ ဖြစ်ပါတယ်။
ရုရှားက ဓာတ်ငွေ့ဖြန့်ဖြူးမှု ကျဆင်းနေချိန်မှာ အမေရိကန်နဲ့ ကာတာက လိုအပ်တဲ့ ထုထည်ကို အစားထိုးရေး ကူညီအပြီး ဥရောပမှာလည်း ဓာတ်ငွေ့စျေးက သိသိသာသာ ကျဆင်းနေပါတယ်။
အာရှမှာ ဓာတ်ငွေ့စျေးကွက်က ဆက်ပြီး တိုးတက်နေသလို ဥရောပမှာလည်း မြင်နိုင်တဲ့ အနာဂတ်အတွက် ဓာတ်ငွေ့တွေ ပိုပြီး လိုအပ်နေဆဲ ဖြစ်လိမ့်မယ်လို့ ခါဘီက ပြောခဲ့ပါတယ်။
ကာတာဟာ သဘာဝဓာတ်ငွေ့ရည်ကို ပြည်ပတင်ပို့ရာမှာ ကမ္ဘာ့ထိပ်တန်းနိုင်ငံတွေထဲက တနိုင်ငံပါ။ ၂၀၂၂ ခုနှစ်မှာ ယူကရိန်းစစ်ပွဲ စတည်းက စျေးကွက်ပြိုင်ဆိုင်မှု မြင့်တက်လာခဲ့ပါတယ်။
Source/Photo-Reuters