Home
နိုင်ငံတကာ
ပါရီတွင်ကျင်းပမည့် ဂါဇာအပစ်ရပ်ဆွေးနွေးပွဲ အစ္စရေးတက်မည်
DVB
·
February 23, 2024
gaza 2322024

ပြင်သစ်နိုင်ငံ ပါရီမြို့မှာ ဖေဖော်ဝါရီ ၂၃ ရက်နေ့ ကျင်းပမယ့် ဂါဇာအပစ်ရပ်ရေးနဲ့ ဓားစာခံ လွတ်မြောက်ရေး ဆွေးနွေးပွဲမှာ အစ္စရေးက တက်ရောက်ဆွေးနွေးသွားမှာ ဖြစ်တယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။

လွန်ခဲ့တဲ့နှစ်ပတ်က ဆွေးနွေးမှုမှာတုန်းက ဟားမတ်စ်ဘက်က ကမ်းလှမ်းတဲ့ လေးလခွဲ အပစ်ရပ်ပြီး အစ္စရေးက ဆုတ်ခွာပေးမှုနဲ့ အဆုံးသတ်ရမယ့် ဟားမတ်စ်ရဲ့ အဆိုပြုချက်ဟာ လက်တွေ့နဲ့ ကွာဟ စိတ်ကူးယဉ်ဆန်လွန်းတယ်ဆိုပြီး အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ပယ်ချထားပါတယ်။

ဒါပေမဲ့ ဟားမတ်စ်ရဲ့ နိုင်ငံရေးခေါင်ဆောင် အစ္စမေးလ်ဟာနီးယာ့ဟ်ဟာ ဒီတပတ်တည်း အီဂျစ်မှာရောက်နေတဲ့အတွက် ဆွေးနွေးမှု ဆက်ဖြစ်နိုင်သေးတဲ့ အရိပ်အယောင်တွေ မြင်တွေ့ရပါတယ်။

ရာမာဒန်ဥပုသ်လမတိုင်ခင် အပစ်ရပ်နိုင်ဖို့ အမေရိကန်က ဖိအားပေးနေတဲ့အချိန်မှာ အရင်ဆွေးနွေးပွဲတွေလို အစ္စရေးဘက်က နားထောင်ပြီး ပြန်လာတာမျိုးမဟုတ်ဘဲ ကိုယ်စားလှယ်အဖွဲ့ကို တကယ်ဆွေးနွေးခွင့်ပါ ပေးထားတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။

အစ္စရေးဘက်က မော့ဆက်ထောက်လှမ်းရေးအကြီးအကဲ ဒေးဗစ်ဘာနီယာ ဦးဆောင်မှာ ဖြစ်ပါတယ်။

အခုဆွေးနွေးပွဲမှာ အမေရိကန်က စီအိုင်အေဒါရိုက်တာ ဝီလျံဘန်း၊ ကာတာဝန်ကြီးချုပ် ရှိတ်မိုဟာမက် ဘင် အဗ္ဗဒူရာမန် အယ်လ်သာနီ၊ အီဂျစ်ထောက်လှမ်းရေးအဖွဲ့ (မူခါဘာရက်) ရဲ့ အကြီးအကဲ အဘားစ်ကမဲလ်တို့ တက်ရောက်ဆွေးနွေးမှာဖြစ်ပါတယ်။ ဟားမတ်စ်ဘက်ကတော့ အီဂျစ်နဲ့ ကာတာ ကြားခံပြီးပဲ ဆွေးနွေးမယ့်သဘော ရှိပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024