Home
မြန်မာသတင်း
မလေးရှားတွင် အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၁၅ ဦး ဖမ်းဆီးခံရ
DVB
·
February 20, 2024
Illigally Myanmar Workers at Malaysia_20022024

မလေးရှားနိုင်ငံ၊ ဂျိုဟိုဘာရူမြို့နဲ့ ကူလိုင်မြို့တဝိုက်တွင် တရားမဝင်နေထိုင်တဲ့ မြန်မာနိုင်ငံသား ၁၅ ဦးအပါအဝင် နိုင်ငံခြားသား ၃၂ ဦးတို့ကို ဖေဖော်ဝါရီ ၁၉ရက်မှာ  ဖမ်းဆီးရမိခဲ့တယ်လို့ မလေးရှား လူဝင်မှုကြီးကြပ်ရေးအဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

ဂျိုဟိုဘာရူမြို့နဲ့ ကူလိုင်မြို့တဝိုက်မှာ အထောက်အထားမရှိဘဲ အလုပ်လုပ်ကိုင်နေတဲ့ နိုင်ငံခြား‌သားတွေ ရှိတယ်လို့ သတင်းရလို့ ဂျိုဟိုလူဝင်ကြီးကြပ်ရေးက အရာရှိ ဘာဟာရူဒင် ဦးဆောင်တဲ့ အဖွဲ့တွေက ဖေဖော်ဝါရီ ၁၉ ရက် မနက် ၁၀ နာရီခွဲလောက်မှာ အလုပ်လုပ်နေတဲ့တဲ့ နိုင်ငံခြားသား ၇၉ ဦးကို စစ်ဆေးခဲ့ပါတယ်။

စစ်ဆေးမှုအရ အထောက်အထားရှိတဲ့ ၄၇ ဦးကို ပြန်လွှတ်ပေးခဲ့ပြီး အထောက်အထား စာရွက်စာတမ်း မပါရှိတဲ့ မြန်မာနိုင်ငံသား အမျိုးသား ၁၂ ဦး၊ အမျိုးသမီး ၃ ဦး၊ ပါကစ္စတန်နိုင်ငံသား ၉ ဦး၊ အိန္ဒိယနိုင်ငံသား ၅ ဦး၊အင်ဒိုနီးရှားနိုင်ငံသား ၁ ဦး၊ ‌ဗီယက်နမ်နိုင်ငံသား ၁ ဦး နဲ့ ဖိလစ်ပိုင်နိုင်ငံသား ၁ ဦးတို့ကို ဖမ်းဆီးခဲ့ပါတယ်။

ဖမ်းဆီးရမိခဲ့တဲ့ မြန်မာနိုင်ငံသား ၁၅ ဦး အပါအဝင် အထောက်အထားမဲ့ နိုင်ငံခြားသား ၁၃ ဦးကို လူဝင်မှုကြီးကြပ်ရေးဥပဒေနှစ်ခုနဲ့ အရေးယူနိုင်ဖို့အတွက် ဂျိုဟိုလူဝင်ကြီးကြပ်ရေးဌာနတွင် ဆက်လက်စစ်ဆေးနေတယ်လို့ မလေးရှား လူဝင်မှုကြီးကြပ်ရေးအဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

မလေးရှားမှာ အော်ပရာစီ စစ်ဆင်ရေးစတဲ့ ဒီဇင်ဘာကစပြီး အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၁,၅၀၀ ကျော် ဖမ်းဆီးခံထားရတယ်လို့ မလေးရောက် မြန်မာတွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024