Home
နိုင်ငံတကာ
ပြည်ပရောက် တိဘက်လူ့အဖွဲ့အစည်းအပေါ် တရုတ်အစိုးရက သူလျှိုလုပ်
DVB
·
February 19, 2024
Tibet_19022024

တရုတ်အစိုးရဟာ ပြည်ပြေး တိဘက်လူ့အဖွဲ့အစည်းအပေါ် သူလျှိုလုပ်နေတယ်လို့ အိန္ဒိယနိုင်ငံမြောက်ပိုင်း တောင်ကုန်းမြို့ ဒါရူရှာလာမှာရှိတဲ့ တိဘက် လူ့အခွင့်အရေးအဖွဲ့က ဖေဖော်ဝါရီ ၁၈ ရက်မှာ စွပ်စွဲလိုက်ပါတယ်။

တိဘက် လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီဌာနက ထုတ်ပြန်တဲ့ ပြည်ပရောက် တိဘက် လူ့အဖွဲ့အစည်းအပေါ် တရုတ်အစိုးရရဲ့ နိုင်ငံဖြတ်ကျော် ဖိနှိပ်မှုများ ၂၀၂၄ အစီရင်ခံစာထဲမှာ ခုလို စွပ်စွဲဖော်ပြထားတာပါ။

ဒီအစီရင်ခံစာထဲမှာ ပြည်ပမှာနေထိုင်ကြတဲ့ တိဘက်လူမျိုးတွေရဲ့ တိုက်ရိုက် သက်သေခံထားတဲ့ သူလျှိုမှုတွေ ပိုတိုးလာတယ်လို့ ပြောထားပါတယ်။

တရုတ်အာဏာပိုင်တွေဟာ ကိုယ်ရေးအချက်အလက်တွေကို စုဆောင်းဖြန့်ချိဖို့ အားထုတ်တဲ့ အနေနဲ့ ကွန်ပြူတာတွေနဲ့ အီးမေးလ်တွေကို အကြိမ်ရေအတော်များများ ဖောက်ထွင်းခဲ့တယ်လို့ တိဘက် ပြည်ပြေးလွှတ်တော် ဒုဥက္ကဋ္ဌက ပြောပါတယ်။

တရုတ်အစိုးရဟာ ဝေးလံသီခေါင်ပြီး တောင်ထူတဲ့ တိဘက်ဒေသဆီ ၁၉၅၀ ခုနှစ်က စစ်တပ် စေလွှတ်ခဲ့ပြီး တိဘက်ဒေသ လွတ်မြောက်အောင် ငြိမ်းငြိမ်းချမ်းချမ်း ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနောက်ပိုင်းမှာ သံလက်သီး အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်ခဲ့တာပါ။

တရုတ်အုပ်ချုပ်မှု ဆန့်ကျင်တဲ့ တော်လှန်ရေးတွေ မအောင်မမြင်ဖြစ်ပြီးနောက်ပိုင်း လက်ရှိ ဒလိုင်းလားမားနဲ့ တခြားလူအများအပြား တိဘက်ကနေ ထွက်ပြေးခဲ့ပြီးနောက် ၁၉၆၀ မှာတော့ ပြည်ပြေး တိဘက်အစိုးရဟာ အိန္ဒိယနိုင်ငံမှာ အခြေစိုက်ပြီး လုပ်ငန်းလည်ပတ်ခဲ့ပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024