လီဗာကူဆင်နည်းပြ အလွန်ဆိုကို ခေါ်ယူလိုတဲ့ အသင်းတွေထဲမှာ ဘိုင်ယန်မြူးနစ် အသင်းလည်း ပါဝင်လာပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ ပြည်တွင်းလိဂ်နဲ့ ဥရောပပြိုင်ပွဲတွေမှာ အခြေမလှ ဖြစ်ခဲ့ပြီးနောက် နည်းပြ သောမက်စ်တူချယ်ကို ထုတ်ပယ်ဖို့ စီစဉ်လာခဲ့တာပါ။
ဒါပေမဲ့ လတ်တလောမှာတော့ ပြိုင်ဘက် လီဗာကူဆင်မှာ စွမ်းဆောင်ရည်ကောင်းတွေ ရရှိအောင် ဦးဆောင်နေတဲ့ အလွန်ဆိုကို ခေါ်ယူနိုင်ဖို့ မဖြစ်နိုင်သေးဘဲ ရာသီကုန်ဆုံးချိန်ရောက်မှ ခေါ်ယူဖို့ ကြိုးပမ်းလိမ့်မယ်လို့ The Times သတင်းမှာ ဖော်ပြပါတယ်။
စပိန်နည်းပြ ဇာဗီအလွန်ဆိုကို ခေါ်ယူလိုတဲ့ အသင်းတွေထဲမှာ ဘိုင်ယန်မြူးနစ်အပြင် လီဗာပူး၊ ဘာစီလိုနာ အစရှိတဲ့အသင်းတွေလည်း ပါဝင်နေတာပါ။
အသက် ၄၂ နှစ်ရှိ နည်းပြ အလွန်ဆိုဟာ ဆိုစီဒက်လူငယ်အသင်းမှာ နည်းပြဘဝ စတင်ခဲ့ပြီး အသင်းကြီးနည်းပြအဖြစ် လီဗာကူဆင်နဲ့ ပထမဆုံးရာသီမှာပဲ ဘွန်ဒက်စ်လီဂါမှာ နံပါတ် ၁ နေရာ ရောက်ရှိအောင် ဦးဆောင်နိုင်ခဲ့သူ ဖြစ်ပါတယ်။
Photo-Reuters