Home
နိုင်ငံတကာ
တူရကီရှိ အမေရိကန်စက်ရုံ စီးနင်းခံရ၊ စီးနင်းသူအား ဖမ်းမိ
DVB
·
February 2, 2024
Israeli troops stand guard near a shooting scene in Hebron

တူရကီနိုင်ငံမြို့တော် အစ္စတန်ဘူလ်အပြင်ဘက်က အမေရိကန်ကုမ္ပဏီ ပရက်တာအင်န် ဂမ်းဘဲလ် (P&G) ရဲ့ စက်ရုံတရုံမှာ အလုပ်သမားခုနှစ်ဦး ဓားစာခံအဖြစ် ဖမ်းဆီးခံခဲ့ရပြီး ၉ နာရီအကြာမှာ ပြန်လည်လွတ်မြောက်လာခဲ့တယ်လို့ တာဝန်ရှိသူတွေက ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

P&G ကုမ္ပဏီဟာ Pantene, Oral-B, Head & Shoulder, Aerial စတဲ့ထုတ်ကုန်တွေ ထုတ်လုပ်တဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။

လက်နက်ကိုင်ပြီး စက်ရုံကိုဝင်စီးတဲ့သူဟာ ဂါဇာမှာရှိတဲ့ ပါလက်စတိုင်းပြည်သူတွေအရေး မကျေနပ်မှုကို ဖော်ပြဖို့ ကြိုးစားသူဖြစ်တယ်လို့ ယူဆရပါတယ်။

မျက်နှာကို ပါလက်စတိုင်းပဝါ စည်းထားတဲ့ စီးနင်းသူဟာ ဗုံးဆင်ထားတဲ့ ကိုယ်ကျပ်အင်္ကျီလိုဟာမျိုး ဝတ်ထားပြီး သေနတ်တလက် ကိုင်ဆောင်ထားခဲ့ပါတယ်။

တူရကီရဲတပ်ဖွဲ့ဟာ ထိန်းသိမ်းခံခဲ့ရသူတွေကိုရော အထိအခိုက်မရှိ ကယ်ဆယ်နိုင်ခဲ့သလို ဝင်စီးတဲ့သူကိုလည်း အရှင်ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။

ဝင်စီးတဲ့သူ အိမ်သာသွားနေတုန်း ဝင်ကယ်ခဲ့တာလို့ တချို့သတင်းတွေမှာ ဖော်ပြပါတယ်။

ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီလောက်မှာ စက်ရုံထဲ ဝင်စီးခံရတာဖြစ်ပြီး ညသန်းခေါင်မရောက်ခင် အကုန်ပြန်လွတ်လာကြတာလို့ ဆိုပါတယ်။

အဆောက်အဦဝင်ပေါက်မှာ ပါလက်စတိုင်းအလံပုံ ရေးဆွဲထားပြီး “ဂါဇာအတွက် တံခါးတွေဖွင့်ပေးရမယ်” လို့ ရေးထားပါတယ်။

ဓားစာခံအဖြစ် အဖမ်းခံခဲ့ရသူတွေရဲ့ ဆွေမျိုးတွေကတော့ အဖမ်းခံနေရချိန် ၉ နာရီအတွင်းမှာ အာဏာပိုင်တွေက ဘာမှ သတင်းအချက်အလက် ထုတ်ပြန်မပေးတဲ့အပေါ် ဝေဖန်ခဲ့ကြပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024