တရုတ်-မြောက်ကိုရီးယား သံတမန်ဆက်ဆံရေး ၇၅ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် တရုတ် ဒုနိုင်ငံခြားရေး ဝန်ကြီး ဆွန်းဝိုက်ဒုံဟာ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ဘတ်မြောင်ဟိုနဲ့ ပြုံယမ်းမှာ တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ ဆက်ဆံရေး တိုးချဲ့ဖို့နဲ့ ဖွံ့ဖြိုးတိုးတက်စေဖို့ သဘောတူခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ဇန်နဝါရီ ၂၇ ရက်မှာ ရိုက်တာက ဖော်ပြပါတယ်။
သီးခြားအတည်ပြုလို့မရတဲ့ မြောက်ကိုရီးယားရဲ့ တရားဝင်သတင်းအေဂျင်စီ KCNA မှ ထုတ်လွှင့်တဲ့ ဗီဒီယိုဖိုင်ထဲမှာ တရုတ် ဒုဝန်ကြီး ဆွန်းနဲ့ မြောက်ကိုရီးယား ဒုဝန်ကြီး ဘတ် တို့ဟာ တာဝန်ရှိသူတွေနဲ့အတူ ပြည်သူ့ယဉ်ကျေးမှုနန်းတော်မှာ ဇန်နဝါရီ ၂၆ ရက်က အစည်းအဝေး တက်ရောက်နေတာကို မြင်တွေ့ရပါတယ်။
နှစ်ဖက်စလုံးဟာ မြောက်ကိုရီးယား-တရုတ် ချစ်ကြည်ရေးကို ဆွေးနွေးခဲ့ကြပြီး နယ်ပယ်အသီးသီးမှာ ချစ်ကြည်ရင်းနှီးဖလှယ်မှုနဲ့ လက်တွေ့ကျကျ ပူးပေါင်းဆောင်ရွက်မှုတွေကို တိုးချဲ့ဆောင်ရွက်သွားဖို့ သဘောတူညီခဲ့ကြောင်း KCNA က ပြောပါတယ်။
ဒါဟာ အမေရိကန်နဲ့ တောင်ကိုရီးယားတို့နဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေ အရှိန်မြှင့်လာတဲ့အတွက် မြောက်ကိုရီးယားနဲ့ တရုတ်တို့ရဲ့ လောလောလတ်လတ် အပြန်အလှန် ဆက်ဆံရေး ဖလှယ်မှု ဖြစ်ပါတယ်။
တရုတ်ဒုဝန်ကြီး ဆွန်းဟာ နှစ်နိုင်ငံနယ်စပ်ရှိ ဆင်းန်ဝီဂျူမြို့ကို ဖြတ်သန်းပြီး ဇန်နဝါရီ ၂၅ ရက် ကြာသပတေးနေ့က ပြုံယမ်းကို ရောက်ရှိခဲ့ပြီးတော့ စနေနေ့မှာ တရုတ်နိုင်ငံကို ပြန်လည် ရောက်ရှိလာခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့ပါတယ်။
Source/Photo - Reuters