လက်ဘနွန်နိုင်ငံထဲက ဟစ်ဇ်ဘိုလာတွေရဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနနဲ့ စစ်တပ်အဆောက်အဦတခု အပါအဝင် ပစ်မှတ်ထားတဲ့ နေရာတွေကို တိုက်ခိုက်ခဲ့တာလို့ အစ္စရေး စစ်တပ်က ပြောပါတယ်။
လက်ဘနွန်တောင်ပိုင်းမှာ အစ္စရေး ဒရုန်းယာဉ်က ဟစ်ဇ်ဘိုလာ တိုက်ခိုက်ရေးသမားတွေရဲ့ ကားတစီးကို ထိမှန်ခဲ့လို့ ဇန်နဝါရီ ၂၁ ရက်မှာ ဟစ်ဇ်ဘိုလာ တိုက်ခိုက်ရေးသမား ၂ ဦး သေဆုံးခဲ့တယ်လို့ လုံခြုံရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
သေဆုံးသူတွေရဲ့ ရာထူးအဆင့်အတန်းကို မဖော်ထုတ်ပေမဲ့ အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာအုပ်စုနဲ့ နီးကပ်တဲ့ သတင်းရင်းမြစ်ကတော့ သေဆုံးသူတွေက ရာထူးအကြီးတန်းထဲကလူတွေ မဟုတ်ဘူးလို့ ပြောပါတယ်။
ဂြိုဟ်တုကနေ ရိုက်ကူးထားတဲ့ ပုံရိပ်တွေနဲ့ ဗီဒီယိုထဲကပုံတွေကို တိုက်ဆိုင်စစ်ဆေးအပြီး အခင်းဖြစ်ရာနေရာကို အတည်ပြုနိုင်ခဲ့ပါတယ်။
အစ္စရေးဟာ ဒါဇင်ချီတဲ့ ဟစ်ဇ်ဘိုလာ တိုက်ခိုက်ရေးသမားတွေကို ဒီဒေသအတွင်း ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပြီးပါပြီ။
နယ်စပ်ကနေ ၈ ကီလိုမီတာအကွာမှာရှိတဲ့ ခါဖရာရွာနားမှာ ဒရုန်းတစီးကြောင့် လူ ၂ ယောက် သေဆုံးပြီး တခြားလူ ၄ ယောက် ဒဏ်ရာရတယ်လို့ ဒေသခံတွေနဲ့ လုံခြုံရေး အရာရှိတွေက ပြောခဲ့ပါတယ်။
ဂါဇာကမ်းမြောင်က ပါလက်စတိုင်း မဟာမိတ် ဟားမတ်စ်အုပ်စုကို ထောက်ခံတဲ့အနေနဲ့ ဟစ်ဇ်ဘိုလာတွေကို အစ္စရေးတပ်တွေကို လက်ဘနွန်တောင်ပိုင်းကနေ ပစ်ခတ် တိုက်ခိုက်နေပါတယ်။
Source/Photo-Reuters