မနေ့ညက ကစားခဲ့တဲ့ ဘွန်ဒက်စ်လီဂါပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်အသင်းက ဝါဒါဘရီမင်ကို ရှုံးနိမ့်ခဲ့တဲ့အတွက် ဇယားထိပ်ဆုံးက လီဗာကူဆင်နဲ့ ၇ မှတ်ပြတ်သွားပါတယ်။
ဘိုင်ယန်အသင်းဟာ အိမ်ကွင်းမှာ ကစားရတာဖြစ်ပေမဲ့ ပွဲချိန် ဒုတိယပိုင်းပွဲချိန် ၅၉ မိနစ်မှာ ပေးလိုက်ရတဲ့ ဦးဆောင်ဂိုးကို ပြန်လည်ချေပနိုင်ခြင်းမရှိတော့ဘဲ တစ်ဂိုး ဂိုးမရှိနဲ့ ရှုံးပွဲတွေ့ခဲ့တာပါ။
ဒီရှုံးပွဲကြောင့် အမှတ်ပေးဇယားထိပ်က ဦးဆောင်သူ လီဗာကူဆင်အသင်းနဲ့ ၇ မှတ် ကွာဟသွားပြီး ချန်ပီယံမျှော်လင့်ချက် ဝေဝါးသွားခဲ့ရတာပါ။
ဘွန်ဒက်စ်လီဂါ ဂိုးသွင်းဘုရင် အင်္ဂလန်တိုက်စစ်မှူး ဟယ်ရီကိန်းဟာလည်း အခွင့်အရေးတွေကို လွဲချော်ခဲ့ပြီး သူ့အတွက် ပထမဆုံး အမှတ်ပေးဆုဖလား မျှော်လင့်ချက်ဟာလည်း မသေမချာ ဖြစ်လာခဲ့တာပါ။
တဖက်မှာတော့ လီဗာပူးနဲ့ ရီးရဲလ်ကစားသမားဟောင်း အလွန်ဆို ကိုင်တွယ်နေတဲ့ လီဗာကူဆင်အသင်းက ပွဲစဉ် ၁၈ အထိ ရှုံးပွဲမရှိသေးဘဲ ၁၅ ပွဲနိုင် ၃ ပွဲ သရေရလဒ်နဲ့ အကောင်းဆုံးခြေစွမ်းပြနေပါတယ်။
Photo - Reuters