Home
နိုင်ငံတကာ
ဂျာမန်လယ်သမားများ ဘာလင်မြို့တော်သို့ ချီတက်ဆန္ဒပြ
DVB
·
January 21, 2024
German Farmer March_21012024

ဂျာမနီမှာ လယ်သမားတွေဟာ ရေရှည်တည်တံ့ပြီး သဘာဝပတ်ဝန်းကျင်နဲ့လည်း သဟဇာတ ဖြစ်မယ့် စိုက်ပျိုးရေးမူဝါဒတွေကို ချမှတ်ပေးဖို့ တောင်းဆိုပြီး ဇန်နဝါရီ ၂၀ ရက်က ဘာလင်မြို့တော်ကို ချီတက် ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြသူတွေဟာ နွားတင်းကုပ်တွေ ပြောင်းလဲခိုင်းခြင်းအတွက် ငွေကြေးထောက်ပံ့ပေးဖို့ တိရစ္ဆာန်သက်သာချောင်ချိရေး စည်းကြပ်မှုကို အကောင်အထည်ဖော်ပေးဖို့ရာ ဂျာမန် စိုက်ပျိုးရေးဝန်ကြီး ဆေမ်အို့ဇ်ဒေမီယာကို တောင်းဆိုခဲ့ကြပြီး စိုက်ပျိုးရေး ထောက်ပံ့မှုတွေကိုလည်း သဘာဝပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်တဲ့ လယ်ယာတွေကို ချီးမြှင့်ပေးဖို့လည်း တောင်းဆိုကြပါတယ်။

လတ်တလော လယ်သမားဆန္ဒပြပွဲတွေဟာ စိုက်ပျိုးရေးမူဝါဒကို ပြောင်းလဲပစ်ဖို့ လိုအပ်ကြောင်းကို ပြသနေတာဖြစ်ပြီး လယ်သမားအများစုဟာ သဘာဝပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်မယ့် စိုက်ပျိုးရေး၊ ဇီဝမျိုးစုံ မျိုးကွဲတွေကို ပိုမိုလုပ်ဆောင်ဖို့နဲ့ ရာသီဥတုအတွက် ပိုမိုလုပ်ဆောင်နိုင်ဖို့က လယ်ယာမြေတွေဟာ နိုင်ငံရေးအရ ပံ့ပိုးမှုတွေ လိုအပ်နေကြောင်း ဆန္ဒပြပွဲကို စီစဉ်သူတစ်ဦးဖြစ်တဲ့ ခရစ္စတို့ဖှ် ဘောက်ထ်ဇ်က ပြောပါတယ်။ 

ဒီဆန္ဒပြပွဲကို စိုက်ပျိုးရေးအတွက် ကုန်စည်ပြပွဲတခုဖြစ်တဲ့ ဘာလင်အပြည်ပြည်ဆိုင်ရာ အစိမ်းရောင်ရက်သတ္တပတ်မှာ နှစ်စဉ် ဆန္ဒပြပွဲတွေ ကျင်းပတဲ့ လှုပ်ရှားမှုမဟာမိတ်အဖွဲ့က စီစဉ်ခဲ့တာ ဖြစ်ပါတယ်။ 

စိုက်ပျိုးရေးသုံး ဒီဇယ်ဆီအပေါ် အခွန်ဖြတ်တောက်မှုကို ရပ်ဆိုင်းဖို့ အစိုးရက ဆုံးဖြတ်ချက် ချမှတ်ခဲ့ပြီးနောက်မှာ ပြီးခဲ့တဲ့သီတင်းပတ်က ဂျာမန် တောင်သူလယ်သမား အစည်းအရုံးကလည်း ဆန္ဒပြမှုတွေ ပြုလုပ်ဖို့ တောင်းဆိုခဲ့ကြပါတယ်။ 

Source/Photo - Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024