တရုတ်နိုင်ငံက လျှပ်စစ်ကားထုတ်လုပ်တဲ့ China Evergrande New Energy Vehicle Group ကုမ္ပဏီအုပ်စုရဲ့ ဒုဥက္ကဋ္ဌ လူယောင်ကျိုးဟာ ဖမ်းဆီးခံထားရပြီး ရာဇဝတ်မှုနဲ့ စုံစမ်းစစ်ဆေးခံနေရတယ်လို့ သူ့ရဲ့ ကုမ္ပဏီက ဇန်နဝါရီ ၈ ရက်မှာ ကြေညာပါတယ်။
လူယောင်ကျိုးကို “တရားမဝင် ရာဇဝတ်မှု” သံသယနဲ့ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ပြောပေမဲ့ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။
ဒီလုပ်ငန်းစုဟာ အိမ်ခြံမြေ လုပ်ငန်းကိုလည်း လုပ်ကိုင်ပြီး လျှပ်စစ်ကားထုတ်လုပ်ရေး လုပ်ငန်းခွဲကိုလည်း ပိုင်ဆိုင်ထားတာပါ။
ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဖမ်းဆီးစစ်ဆေးခံနေရကြောင်း ကြေညာချက်ထုတ်ပြန်အပြီး မနက်ပိုင်း စတော့အရောင်းအဝယ်ကနေ လုပ်ငန်းစုရဲ့ စတော့ရောင်းချတာကို ဆိုင်းငံ့ထားပါတယ်။
ဒါပေမဲ့ စတော့ရှယ်ယာတွေဟာ ဟောင်ကောင်ဒေါ်လာ ၀ ဒသမ ၃၂ အထိ ကျဆင်းခဲ့ပြီး နောက်ပိုင်းမှာ ပြန်တက်လာခဲ့တဲ့အတွက် နောက်ဆုံးမှာ စတော့တန်ဖိုး ၁ ဒသမ ၂ ရာခိုင်နှုန်းသာ ကျဆင်းခဲ့ပါတယ်။
ကမ္ဘာပေါ်မှာ အကြွေးအများဆုံး အိမ်ခြံမြေလုပ်ငန်းရှင် Evergrande လုပ်ငန်းစုကို တည်ထောင်သူနဲ့ ဥက္ကဋ္ဌဖြစ်သူ ဟွေခါးယံဟာလည်း သံသယတွေအတွက် စုံစမ်းစစ်ဆေးခံနေရတယ်လို့ စက်တင်ဘာလနှောင်းပိုင်းမှာ အမှုတွဲတခုက ဆိုထားပါတယ်။
Source/Photo-Reuters