Home
နိုင်ငံတကာ
ဒိန်းမတ်ဘုရင်မကြီး ထီးနန်းမစွန့်မီ နောက်ဆုံးအကြိမ် တိုင်းခန်းလှည့်လည်
DVB
·
January 5, 2024
DenmarQueen_05012024

ဥရောပရဲ့ သက်တမ်းအရှည်ဆုံး ဘုရင်စနစ်တည်တံ့ရာ ဒိန်းမတ်နိုင်ငံမှာ ဘုရင်မကြီး မာဂရက်ဟာ နန်းမစွန့်မီ နောက်ဆုံးအကြိမ်အဖြစ် ဇန်နဝါရီ ၄ ရက်နေ့မှာ ရွှေလှည်းယာဉ်တော်နဲ့ မြို့တော် ကိုပေဟေဂင်မှာ တိုင်းခန်းလှည့်လည်ခဲ့ပြီး နှစ်သစ်ကူးပွဲတော်ကို အဆုံးသတ်ခဲ့ပါတယ်။

နန်းစံသက် ၅၂ နှစ်၊ သက်တော် ၈၃ နှစ်ရှိပြီဖြစ်တဲ့ ဘုရင်မကြီးဟာ ဇန်နဝါရီ   ၄ ရက်နေ့မှာ နန်းစွန့်ကာ  သားတော်ကြီး အိမ်ရှေ့မင်းသား ဖရက်ဒရစ်ကို နန်းမွေလွှဲမှာ ဖြစ်ပါတယ်။

ဒါဟာ သက်တမ်း နှစ် ၉၀၀ နီးပါးရှိတဲ့ ဒိန်းမတ်ထီးနန်းရာဇဝင်တလျှောက်မှာ ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။

ရိုးရာအစဉ်အလာအရ စစ်သည်တော်တွေ၊ အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံတဲ့ပွဲကို တက်ရောက်ဖို့ မြင်းဖြူခြောက်ကောင်ဆွဲတဲ့ ရွှေလှည်းယာဉ်တော်ဟာ အမာလီယန်ဘော့ဂ် နန်းတော်ကနေ ခရစ္စရှန်ဘော့ဂ်နန်းတော်ကို ထွက်ခွာလာခဲ့တာ ဖြစ်ပါတယ်။

အေးခဲပြီး လေထန်တဲ့ ရာသီဥတုကြားကနေ ထောင်နဲ့ချီတဲ့ပြည်သူတွေက ဘုရင်မကြီးကို စောင့်ကြို နှုတ်ဆက်ခဲ့ကြပါတယ်။

ဘုရင်မကြီးဟာ လူထုချစ်ခင်မှုရသူတဦးဖြစ်ပြီး ၁၉၇၂ ခုနှစ် နန်းတက်စဉ်က ဒိန်းစ်လူမျိုး ၄၂ ရာခိုင်နှုန်းကသာ ဘုရင်စနစ်ကို ထောက်ခံခဲ့ပေမဲ့ နောက်ဆုံးစစ်တမ်းတွေအရ ၈၄ ရာခိုင်နှုန်းလောက်အထိ ဘုရင်စနစ်ကို အတိုင်းအတာတခုထိ လက်ခံထားကြပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024