အာဆင်နယ်အသင်း တိုးတက်ဖို့ လိုအပ်နေတဲ့အချက်ကို နည်းပြအာတေတာက ထုတ်ဖော်ပြောပြသွားပါတယ်။
အာဆင်နယ်ဟာ ခရစ္စမတ်နေ့အထိ လီဗာပူးကို တမှတ်အသာနဲ့ ဦးဆောင်ထားပြီး ၂ နှစ်ဆက်တိုက် ဦးဆောင်နိုင်ခဲ့တာပါ။
နည်းပြအာတေတာကတော့ တိုးတက်မှုတချို့ ရှိလာဖို့ လိုအပ်နေတာကို ဝန်ခံခဲ့ပြီး ပြိုင်ဘက်ကို ထိန်းချုပ်ကစားနိုင်တဲ့ ပွဲစဉ်တွေမှာ ပွဲကို အဆုံးသတ်ပစ်ဖို့က အလိုအပ်ဆုံးအချက် ဖြစ်တယ်လို့ ပြောပါတယ်။
တချို့ပွဲစဉ်တွေမှာ အနိုင်ရလဒ်ကို ဆက်ထိန်းနိုင်ဖို့ ကြိုးပမ်းနေရပြီး ပွဲကို စောစောစီးစီး အဆုံးသတ်နိုင်ဖို့ လိုအပ်ကြောင်း နည်းပြအာတေတာက ပြောပါတယ်။
အာဆင်နယ်အသင်းအနေနဲ့ ပွဲအတွေ့အကြုံနဲ့ ရဲရင့်စွာကစားနိုင်မှုတွေမှာတော့ မနှစ်ကထက် ပိုပြီးတိုးတက်လာတာကို လီဗာပူးနဲ့ သရေကျခဲ့တဲ့ပွဲစဉ်မှာ မြင်တွေ့နိုင်ကြောင်း အာတေတာ က ပြောသွားပါတယ်။
Photo-Reuters