ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော်ဒါကာမှာ အတိုက်အခံ သပိတ်မှောက်မှုအတွင်း ဆန္ဒပြသူတွေက ရထားတစင်းကို မီးရှို့လိုက်တာကြောင့် လူ ၄ ဦး သေဆုံးခဲ့ပါတယ်။
ရထားတွဲ ၃ တွဲ မီးလောင်ကျွမ်းသွားပြီးနောက်မှာ မိခင်နဲ့ ကလေးတဦး အပါအဝင် လူ ၄ ဦး သေဆုံးသွားတာဖြစ်ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။
မြောက်ပိုင်း နီထရိုကိုနာ ခရိုင်ကနေ ဒါကာမြို့တော်ကို ဦးတည်လာတဲ့ ရထားပေါ်မှာ လူဘယ်လောက် လိုက်ပါလာခဲ့တယ် ဆိုတာကို ချက်ချင်း မသိရသေးပါဘူး။
ခရီးသည်တွေဟာ သူတို့ ရောက်ရှိမယ့်နေရာကနေ မလှမ်းမကမ်းမှာ မီးတောက်တွေကို တွေ့လိုက်ရတာဖြစ်ကြောင်း ရဲတွေက ပြောပါတယ်။
အခုကြေကွဲစရာဖြစ်ရပ်ဟာ နောက်လ အထွေထွေရွေးကောက်ပွဲမတိုင်ခင် ရာထူးကနေ နုတ်ထွက်ဖို့ အစိုးရကို ဖိအားပေး တောင်းဆိုတဲ့ အတိုက်အခံတွေရဲ့ နိုင်ငံတဝန်း ဆန္ဒပြမှုအတွင်း နောက်ဆုံး ဖြစ်ပျက်ခဲ့တဲ့ဖြစ်ရပ် ဖြစ်ပါတယ်။
Source/Photo-Reuters