Home
နိုင်ငံတကာ
ဂါဇာတွင် ဓားစာခံ အစ္စရေး ၃ ဦးကို မှားယွင်းသတ်ဖြတ်မိကြောင်း အစ္စရေးစစ်တပ် ဝန်ခံ
DVB
·
December 16, 2023
Israeli world 16122023

အစ္စရေးစစ်တပ်ဟာ ဂါဇာမှာ ဟားမတ်စ်အဖွဲ့က ဖမ်းဆီးထားတဲ့ ဓားစာခံ ၃ ဦးကို မှားယွင်းစွာ သတ်ဖြတ်ခဲ့တာကို ပြန်လည်စစ်ဆေးနေဆဲဖြစ်ကြောင်း အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဒန်နီရယ် ဟာဂါရီက ဒီဇင်ဘာ ၁၅ ရက်မှာ ပြောကြားလိုက်ပါတယ်။ 

ဂါဇာရှိ စစ်သွေးကြွတွေနဲ့ တိုက်ခိုက်မှုအတွင်း ဓားစာခံတွေ သေဆုံးခဲ့ရကြောင်း စစ်တပ်က ပြောကြားခဲ့ပြီး ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုမှာ “ပွင့်လင်းမြင်သာမှု” အပြည့်ရှိမှာဖြစ်ကြောင်း၊ မိသားစုတွေအတွက်လည်း ဝမ်းနည်းကြောင်း ပြောကြားခဲ့ပါတယ်။ 

ဂါဇာမြောက်ပိုင်းရှိ ရှီဂျိုင်းယားခရိုင်မှာ တိုက်ပွဲတွေအတွင်း ပြန်ပေးဆွဲခံရတဲ့ အစ္စရေး ၃ ဦးကို အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က ခြိမ်းခြောက်မှုအဖြစ် မှားယွင်းသတ်မှတ်မိခဲ့ပြီး ရလဒ်အနေနဲ့ သူတို့ကို အင်အားသုံး ပစ်ခတ်ခဲ့တာဖြစ်ကြောင်း ဟာဂါရီက ပြောဆိုပါတယ်။

ဂါဇာကမ်းမြောင်ဒေသမှာ ဟားမတ်စ်တို့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အရပ်သား ၁ ဦးနဲ့ စစ်သား ၂ ဦးတို့ဖြစ်တဲ့ အစ္စရေး ၃ ယောက်တို့ရဲ့ ရုပ်အလောင်းတွေကို ပြန်ရယူခဲ့ကြောင်း အစ္စရေးစစ်တပ်က သောကြာနေ့အစောပိုင်းမှာ ပြောပါတယ်။

အစ္စရေးစစ်တပ်ဟာ ဂါဇာစီးတီး ရှီဂျိုင်းယားခရိုင်ရှိ ဟားမတ်စ်ကွပ်ကဲမှုနဲ့ထိန်းချုပ်မှုစင်တာကို ဖျက်ဆီးခဲ့ပြီး အဲဒီက တပ်ရင်းမှူးကို ချေမှုန်းလိုက်ကြောင်းနဲ့ ခန်းယိုးနစ်စ်မှာရှိတဲ့ စစ်သွေးကြွတွေရဲ့ အခြေခံအဆောက်အအုံတွေကို ပစ်မှတ်ထားစီးနင်းခဲ့ပြီးတော့  ဂါဇာကမ်းမြောင်ထဲကို ဟားမတ်စ် အတွက် လက်နက်တွေ ခိုးသွင်းဖို့ ကူညီပေးတဲ့ ရာဖှာဒေသရှိ နေရာတွေကိုလည်း ဗုံးကြဲခဲ့ကြောင်း အစ္စရေးအစိုးရ ပြောရေးဆိုခွင့်ရှိသူ အိုင်လွန် လဲဗီကမှာ ပြောကြားခဲ့ပါတယ်။

အကြမ်းဖက်သမားတွေကို သတ်ဖြတ်ခြင်း၊ လက်နက်တွေထားရှိရာ နေရာတွေကို ဖျက်ဆီးခြင်းနဲ့ အောက်တိုဘာ ၇ ရက် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုမှာ အသုံးပြုတဲ့ ဆိုင်ကယ်တွေ ရှိနေတဲ့ ဥမင်လှိုဏ်ခေါင်းတွေကို ပစ်မှတ်ထား စီးနင်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ 

ဟားမတ်စ်တွေ စတင်ခဲ့တဲ့ ဒီစစ်ပွဲကို အမြန်အဆုံးသတ်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ ဟားမတ်စ်တွေကို လုံးလုံးလျားလျား အောင်ပွဲရအောင် တွန်းအားပေးနေသလိုမျိုး အစ္စရေးဘက်က ရပ်တည်ဖို့၊ ဟားမတ်စ်အဖွဲ့ကို မြန်မြန်ဆန်ဆန်၊ တိတိကျကျနဲ့ သာလွန်အင်အားနဲ့ အလုံးစုံ ချေမှုန်းပစ်နိုင်ရေးပဲ ဖြစ်တယ် လို့လည်း အစ္စရေးအစိုးရ ပြောရေးဆိုခွင့်ရှိသူ အိုင်လွန် လဲဗီ က ပြောသွားပါတယ်။ 

Source/Photo - Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024