Home
နိုင်ငံတကာ
သမ္မတဂျိုးဘိုင်ဒင်ကို စွပ်စွဲပြစ်တင်မှု စုံစမ်းစစ်ဆေးခွင့်ပြုရန် အောက်လွှတ်တော် မဲခွဲဆုံးဖြတ်
DVB
·
December 14, 2023
U.S. President Joe Biden and Ukraine's President Volodymyr Zelenskiy hold joint press conference, in Washington

အမေရိကန် အောက်လွှတ်တော်ဟာ သမ္မတဂျိုးဘိုင်ဒင်ကို စွပ်စွဲပြစ်တင်မှု ဆက်လက်စုံစမ်းရေးကို တရားဝင် ခွင့်ပြုပေးဖို့ ဒီဇင်ဘာ ၁၃ ရက်က မဲခွဲဆုံးဖြတ်ခဲ့ပါတယ်။

သမ္မတ ဘိုင်ဒန်ဟာ သူ့သားဖြစ်သူ အသက် ၅၃ နှစ်အရွယ် ဟန်တာဘိုင်ဒန်ရဲ့ နိုင်ငံခြားစီးပွားရေး အပေးအယူတွေကနေ မသင့်လျော်တဲ့ အကျိုးအမြတ်တစုံတရာ ရယူထားခြင်း ရှိ၊ မရှိ စုံစမ်းစစ်ဆေးနေတာ ဖြစ်ပါတယ်။

ဘိုင်ဒန်ရဲ့သားဖြစ်သူကို  တံခါးပိတ် စစ်ဆေးခံဖို့ တောင်းဆိုချက်ကို ငြင်းဆန်လိုက်ပြီးနောက် နာရီတွေအကြာမှာ ဒီစုံစမ်းစစ်ဆေးမှုကို အတည်ပြုဖို့  ရီပတ်ဘလီကန်တွေ ထိန်းချုပ်တဲ့ လွှတ်တော်မှာ သူ့ပါတီနဲ့သူ ထောက်ခံမဲ ၂၂၁ မဲ၊ ကန့်ကွက်မဲ ၂၁၂ မဲ ပေးခဲ့ကြပါတယ်။

အိမ်ဖြူတော်က အဲဒီစုံစမ်းရေးကော်မရှင်ဟာ အချက်အလက် အထောက်အထား မခိုင်လုံဘဲ နိုင်ငံရေးအရ လှုံ့ဆော်မှုဆိုပြီး ပယ်ချခဲ့ပါတယ်။ သမ္မတ ဘိုင်ဒန်ဟာ ရီပတ်ဘလီကန် သမ္မတဟောင်း ဒေါ်နလ်ထရမ့်ပ်နဲ့ ဖြစ်နိုင်ခြေရှိတဲ့ ၂၀၂၄ ရွေးကောက်ပွဲမှာ ပြန်လည်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေတာပါ။

ဒီမိုကရက်တစ်တွေကတော့ သမ္မတရဲ့ အမှားလုပ်တယ်ဆိုတဲ့ အထောက်အထားတွေ ရှာမတွေ့သေးဘူးလို့ ပြောကြပေမဲ့ သမ္မတ ဘိုင်ဒန်ကို စွပ်စွဲပြစ်တင်ဖို့ ကြိုးပမ်းမှုနောက်ကွယ်မှာ ရီပတ်ဘလီကန်တွေ စည်းလုံးညီညွတ်နေကြပါတယ်။

ဒီကြိုးပမ်းမှုဟာ ဘိုင်ဒန်ကို ရာထူးမှဖယ်ရှားဖို့ သေချာပေါက်နီးပါး အောင်မြင်လိမ့်မယ်လို့ ရိုက်တာသတင်းမှာ သုံးသပ်ဖော်ပြထားပါတယ်။

သမ္မတကို စွပ်စွဲပြစ်တင်ဖို့ အောက်လွှတ်တော်က မဲခွဲဆုံးဖြတ်မယ် ဆိုရင်တောင် ဘိုင်ဒန်ရဲ့ လုပ်ဖော်ကိုင်ဖက် ဒီမိုကရက်တွေ အများစု ၅၁-၄၉ နေရာ ရရှိထားတဲ့ ဆီးနိတ်လွှတ်တော်ဟာ သူ့ကို စွဲချက်တင်ဖို့အတွက် မဲ ၃ ပုံ ၂ ပုံနဲ့ မဲခွဲဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ 

သမ္မတဟောင်း ထရမ့်ပ်ဟာ အမေရိကန်သမိုင်းမှာ စွပ်စွဲပြစ်တင်မှု ၂ ကြိမ်ခံရတဲ့ ပထမဆုံးသမ္မတ ဖြစ်ပြီး လက်ရှိမှာလည်း လာမယ့် ရာဇ၀တ်ခုံရုံး ၄ ခုအတွက် ပြင်ဆင်နေရပြီး အဲဒီလုပ်ရပ်တွေကို နိုင်ငံရေးအရ လှုံ့ဆော်မှုလို့လည်း ခေါ်ဆိုခဲ့ပါတယ်။ 

Source/Photo - Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024