Home
နိုင်ငံတကာ
ဂါဇာတိုက်ပွဲအတွင်း ဓားစာခံ ၂ ဦး၏ ရုပ်အလောင်းကို အစ္စရေးစစ်တပ် ရှာတွေ့ 
DVB
·
December 13, 2023
An Israeli artillery unit operates near the border with Gaza, amid the ongoing conflict between Israel and Palestinian Islamist group Hamas, as seen from southern Israel

ဂါဇာကမ်းမြောင်မှာ တိုက်ပွဲတွေ ပြန်စနေချိန်မှာပဲ ဟားမတ်စ် သေနတ်သမားတွေ အောက်တိုဘာ ၇ ရက်က ဖမ်းဆီးသွားတဲ့ ဓားစာခံ ၂ ယောက်ရဲ့ ရုပ်အလောင်းတွေကို အစ္စရေးတပ်ဖွဲ့ဝင်တွေက ပြန်လည်ရရှိခဲ့ကြောင်း အစ္စရေးစစ်တပ်က ဒီဇင်ဘာ ၁၂ ရက်မှာ ပြောပါတယ်။ 

ဂါဇာအပြင်ဘက် ရိမ်း လယ်တောကွက်မှာ ကျင်းပနေတဲ့ နိုဗာဂီတပါတီမှာ အဖမ်းခံခဲ့ရသူတွေထဲက တယောက်ဖြစ်တဲ့ အသက် ၂၇ နှစ်အရွယ် အီဒန် ဇက်ချာရ်ယာရဲ့ အလောင်းကို အစ္စရေးတပ်ဖွဲ့တွေက ဂါဇာနယ်မြေထဲမှာ ပြန်တွေ့ရှိခဲ့တာပါ။ 

ဒါ့အပြင် ဟားမတ်စ် စစ်သွေးကြွတွေနဲ့ တိုက်ပွဲဖြစ်နေချိန်အတွင်း အရာခံဗိုလ် ဇိ(ဗ်)ဒါဒို ရဲ့ ရုပ်အလောင်းကို ဂါဇာကမ်းမြောင်ဒေသမှာ တွေ့ရှိခဲ့ကြောင်း စစ်ဘက်ပြောရေးဆိုခွင့်ရှိသူ ရေတပ်ဗိုလ်ချုပ်ကြီး ဒယ်နီယယ် ဟာဂါရီက ပြောပါတယ်။

“ဟားမတ်စ်ဟာ ဂါဇာကမ်းမြောင်ဒေသက လူတွေကြားထဲမှာ ပုန်းအောင်းနေချိန်မှာပဲ ကျနော်တို့ရဲ့ အစ္စရေးပြည်သူတွေကို ရက်စက်ကြမ်းကြုတ်တဲ့ အခြေအနေတွေမှာ ဓားစာခံအဖြစ် ချုပ်နှောင်ထားတာပါ။”

ဟားမတ်စ်တွေရဲ့ အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုကြောင့် အစ္စရေးနဲ့ နိုင်ငံခြားသား ၁၂၀၀ လောက် သေဆုံးခဲ့ရပြီး ဓားစာခံ ၂၄၀ လောက် ဖမ်းဆီးခံခဲ့ရပါတယ်။

အစ္စရေးကလည်း ဂါဇာကမ်းမြောင်ဒေသကို အပြင်းထန်ဆုံး ဗုံးကြဲတိုက်ခိုက်မှုအပြင် မြေပြင်ထိုးစစ်နဲ့ပါ တုံ့ပြန်ခဲ့တာကြောင့် လူပေါင်း ၁၈,၄၁၂ ဦးထက်မနည်း သေဆုံးခဲ့ပြီး အဲဒီထဲက ၄၀ ရာခိုင်နှုန်းဟာ အသက် ၁၈ နှစ်အောက်တွေ ဖြစ်ကြပါတယ်။

ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးရဲ့ တိုက်ခိုက်မှုအတွင်း လူပေါင်း ၅၀,၁၀၀ ဒဏ်ရာရခဲ့တယ်လို့ ဂါဇာ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

Source/Photo - Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024