မန်ယူအသင်းဟာ ဘာစီလိုနာတောင်ပံတိုက်စစ်ကစားသမား ရာဖင်ညာကို ခေါ်ယူနိုင်ဖို့အတွက် ဆန်ချိုကို အလိုက်ပေးကမ်းလှမ်းမယ်လို့သိရပါတယ်။
စပိန်မီဒီယာတွေရဲ့ဖော်ပြချက်အရ မန်ယူအသင်းဟာ ဆန်ချိုကို အလိုက်ပေးပြီး ရာဖင်ညာကို ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ကြောင်း၊ လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့မှာ ဖြစ်လာနိုင်ကြောင်း သိရပါတယ်။
ဘရာဇီးတောင်ပံတိုက်စစ်ကစားသမား ရာဖင်ညာဟာ လိဒ်ယူနိုက်တက်နဲ့အတူ ပရီးမီး ယားလိဂ်မှာ ကစားခဲ့ဖူးပြီး ၂၀၂၂ ခုနှစ်က ပေါင် ၅၆ သန်းနဲ့ ဘာစီလို နာအသင်းဆီ ပြောင်းရွှေ့ခဲ့တာပါ။
သူဟာ လိဂ် ၃၆ပွဲမှာ ၇ ဂိုးပဲသွင်းယူနိုင်ခဲ့ပြီး အကောင်းဆုံးခြေစွမ်း မရတာကြောင့် အသင်းပြောင်းရွှေ့နိုင်တယ်လို့ စပိန်မီဒီယာ Sport က ရေးသားခဲ့ပါတယ်။
ဆန်ချိုဟာလည်း အသင်းနဲ့ ပူးပေါင်းခွင့်ပိတ်ပင်ထားတာ ကြာမြင့်နေပြီဖြစ်ပြီး လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့မှာ အသင်းပြောင်းရွှေ့ဖို့ ဆန္ဒရှိနေတာ ဖြစ်ပါတယ်။
Photo-Reuters