Home
မြန်မာသတင်း
ထိုင်းတွင် တရားမဝင် မြန်မာနိုင်ငံသား ၁၃ ဦး ဖမ်းဆီးခံရ 
DVB
·
December 11, 2023
workers 11122023

ထိုင်းနိုင်ငံ၊ ရနောင်းမြို့ကို တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၃ ဦးကို ထိုင်းလုံခြုံရေးတပ်ဖွဲ့က ဒီဇင်ဘာ ၈ ရက် ညပိုင်းမှာ ဖမ်းဆီးရမိခဲ့တယ်လို့ ရနောင်းအခြေစိုက် အမှတ် ၂၅ ခြေမြန်တပ်ရင်းက ထုတ်ပြန်ပါတယ်။

ရနောင်းခရိုင် စုခ်စာမ်ရာမြို့ စစ်ဆေးရေးဂိတ်မှာ နယ်မြေလုံခြုံတပ်ဖွဲ့က ဒီဇင်ဘာ ၈ ရက် ညပိုင်းက မသင်္ကာဖွယ်ရာ ပစ်ကပ်ကား တစီး တွေ့ရှိလို့ သွားရောက်စစ်ဆေးခဲ့ရာ ယာဉ်မောင်းကို မတွေ့ရှိဘဲ တရားဝင်အထောက်အထားစာရွက်စာတမ်းမပါရှိတဲ့ မြန်မာနိုင်ငံသား ၆ ဦး ကို ဖမ်းဆီး ရမိခဲ့ပါတယ်။

နယ်မြေလုံခြုံရေးအဖွဲ့တွေ စစ်ဆေးချက်အရ မြန်မာနိုင်ငံသား ၆ ဦးကို တင်ဆောင်လာတဲ့ ထိုင်းနိုင်ငံသား ယာဉ်မောင်းဟာ စစ်ဆေးရေးအဖွဲ့တွေကို တွေ့ရှိတာနဲ့ ကားကို ထားပြီး ထွက်ပြေး သွားခဲ့ပါတယ်။

နခေါစီခရိုင် ဘန်င်ခန်မြို့မှာလည်း ဘန်ကောက်မြို့မှ ရနောင်းမြို့သို့ပြေးဆွဲလာတဲ့ ဘက်စ်ကား ပေါ်မှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၇ ဦးကို နယ်မြေလုံခြုံရေးအဖွဲ့တွေက ဒီဇင်ဘာ ၈ ရက် ညပိုင်းမှာ ထပ်မံဖမ်းဆီးရမိခဲ့ပါတယ်။

ဖမ်းဆီးရမိခဲ့တဲ့ မြန်မာနိုင်ငံသား ၁၃ ဦးလုံးကို ဥပဒေအရအရေးယူနိုင်ဖို့ သက်ဆိုင်ရာရဲစခန်းမှာ ပို့ဆောင်စစ်ဆေးနေတယ်လို့ ရနောင်းအခြေစိုက် အမှတ် ၂၅ ခြေမြန်တပ်ရင်းက ထုတ်ပြန် ပါတယ်။

ရနောင်းခရိုင် စုခ်စာမ်ရာမြို့မှာ နိုဝင်ဘာ ၂၉ ရက်ကလည်း တရားမဝင် ဝင်ရောက်လာတဲ့ ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၇ ဦးကို နယ်မြေလုံခြုံရေးအဖွဲ့က ဖမ်း‌ဆီးရမိခဲ့ပါတယ်။

Photo. အမှတ် ၂၅ ခြေမြန်တပ်ရင်း(ရနောင်း)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024