Home
မြန်မာသတင်း
မြိုင်မြို့နယ်နှင့် အရာတော်မြို့နယ်တို့တွင်  စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ
DVB
·
December 10, 2023
mine 10122023

မကွေးတိုင်း မြိုင်မြို့နယ်မှာ ဒီဇင်ဘာလ ၁၀ရက် မနက်ပိုင်းက စစ်ကောင်စီကားတစီး မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ၂ ယောက်သေဆုံးကာ ၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင်မြို့နယ် ပကဖကနေ သိရပါတယ်။

မြိုင်မြို့ ကိုးဆောင်ဘုန်းကြီးကျောင်းကနေ စစ်ကောင်စီတပ်သားအင်အား ၃၀ လောက်နဲ့ ထွက်လာ တဲ့ ကားတစီးကို လက်နက်ငယ်တွေနဲ့ ပစ်ခတ်ကာ မိုင်းအကြီး ပွိုင့် ၅ ပွိုင့်နဲ့ မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်လို့ မြိုင်ပကဖရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုသုခက ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၂ ယောက်သေဆုံးပြီး ၂ ယောက်ဒဏ်ရာ ရရှိခဲ့တယ်လို့ အတွင်းသတင်းရရှိတယ်လို့ဆိုပါတယ်။

စစ်ကိုင်းတိုင်း၊ အရာတော်မြိုနယ်မှာလည်း မုံရွာ-အရာတော်လမ်းမပေါ် မှာ ဒီဇင်ဘာ ၈ ရက်၊ မနက် ၈ နာရီကျော်လောက်က စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

အဆိုပါစစ်ကောင်စီယာဉ်တန်းဟာ မုံရွာ-အရာတော် လမ်းမပေါ်ရှိ ထူးရာရသေ့ကျောင်းကနေ အရာတော် စ.ခ.တ (စစ်အခြေခံလေ့ကျင့်တပ် ၁၀ တပ်) ကို သွားတာလို့ ဆိုပါတယ်။

ဒေသခ PDF တပ်ဖွဲ့ဝင်တဦးက “ထူးရာရသေ့ကျောင်းဘက်ကနေ စထွက်လာတာကို ကျနော်တို့ကြိုပြီးစောင့်တိုက်ခိုက်ခဲ့တာဗျ။ ကျနော်တို့ စတိုက်တာက ရသေ့ကျောင်းအကျော်ကနေ ကမ်းဖြူကျေးရွာအထိ  ပဒေသာမိုင်းပွိုင့် ၁၁ နေရာ၊ မိုင်းအလုံး ၆၀၊ လက်နက်ငယ် ၂၀ လက်နဲ့ ကိုက် ၅၀ အကွာအဝေးကနေ အနီးကပ်‌နေရာ ၂ နေရာကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တာဗျ။ ကား ၂ စီးကတော့ ထိခိုက်ပျက်စီးခဲ့တာတွေ ဖြစ်သွားတယ်။”

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်က စစ်ကြောင်းမှူး ၁ ဦး သေဆုံး၊  အရာရှိ ၁ ဦး အပါအဝင် တပ်သား ၁၈ ဦး ဒဏ်ရာရရှိသွားပြီး ပြည်သူ့ကာကွယ်ရေးရဲဘော်တွေ အထိအခိုက်မရှိခဲ့ဘူးလို့ Danger Force LPDFအဖွဲ့တာဝန်ရှိသူ ဗိုလ်ရန်ရှင်းက ပြောပါတယ်။

စစ်ဆင်ရေးကို Danger Force LPDF၊ မုံရွာခရိုင်အထူးလှုပ်ရှားတပ်ဖွဲ့၊ မိုင်းမင်းသားမြေအောက် ပြောက်ကျားတပ်ဖွဲ့၊ AMT မြေပြင်ပြောက်ကျားတပ်ဖွဲ့၊ ဒေါင်းနီ တပ်ဖွဲ့၊ ဒုံးပျံ တပ်ဖွဲ့၊ သပြေညိုပြောက်ကျားတပ်ဖွဲ့၊ မုံရွာခရိုင်တပ်ရင်း (၂၇) ၊DRA တပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် ထိခိုက်ကျဆုံးအခြေအနေကို စစ်ကောင်စီက သတင်းထုန်ပြန်တာ မရှိသေးသလို သီးခြားအတည်မပြုနိုင်သေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024