Home
သတင်းဓာတ်ပုံ
တိုက်ပွဲတွေကြောင့် ပေါက်တောမြို့ပေါ် အပျက်အစီးများ မြင်ကွင်း
DVB
·
December 4, 2023
Pauk Taw war destroy 6_04122023
Rakkhine SAC Human Shield_04122023
Pauk Taw war destroy 1_04122023
Pauk Taw war destroy 2_04122023
Pauk Taw war destroy 3_04122023
Pauk Taw war destroy 4_04122023
Pauk Taw war destroy 5_04122023
Pauk Taw war destroy 7_04122023

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့ပေါ်မှာ နိုဝင်ဘာ ၁၆ ရက်ကစလို့ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့ တိုက်ပွဲတွေ ပြင်းထန်နေတာ နှစ်ပတ်ကျော်ကြာမြင့်လာပြီဖြစ်ပြီး တိုက်ပွဲကြောင့် ပြည်သူပိုင် အိုးအိမ် အဆောက်အဦတွေလည်း ပိုများလာနေပါတယ်။ 

ပေါက်တောမြို့ပေါ်ကို စစ်ကောင်စီတပ်က ရေကြောင်း၊ လေကြောင်း၊ လက်နက်ကြီးပစ်ကူတွေနဲ့ နေ့စဉ်ရက်ဆက်ဆိုသလို ပစ်ခတ်နေလို့ ပေါက်တောမြို့ပေါ်က နေရာတိုင်းမှာ မီးလောင်ကျွမ်းပြီးတော့ မြို့မဈေးအပါအဝင်၊ လူနေအိမ် အဆောက်အအုံပေါင်းများစွာ ထိခိုက်ပျက်စီးသွားပါတယ်။ 

နှစ်ပတ်ကျော်ကြာတဲ့အထိ တိုက်ပွဲတွေကြောင့် ပြည်သူတွေဟာဘေးလွတ်ရာကို တိမ်းရှောင်နေရသလို မြို့ပေါ်က လူနေအိမ်အဆောက်အအုံတွေ၊ ကျောင်း၊ သာသနိက အဆောက်အအုံတွေဟာ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် မီးလောင်ကျွမ်း ပျက်စီးသွားပါတယ်။ 

စစ်ကောင်စီတပ်တွေဟာ ပေါက်တောမြို့ပေါ်က ပြည်သူတွေကို ဖမ်းဆီးပြီးတော့ လူသားဒိုင်းကာအဖြစ် ပြုလုပ်ထားလို့ ဖမ်းဆီခံ ပြည်သူတွေကို ကယ်ထုတ်နေတာ လက်ရှိဆိုရင် ၃၀၀ ကျော်ရှိပြီလို့  အေအေက ထုတ်ပြန်ပါတယ်။ 

တိုက်ပွဲတွေကြောင့် ပေါက်တောမြို့နယ်မှာ စစ်ဘေးရှောင်သူဦးရေ ၇၈၁၉၄ အထိ ရှိတယ်လို့ ရက္ခိုင်ပြည်အရေးပေါ် ကူညီကယ်ဆယ်ရေး ပူးပေါင်းအဖွဲ့ကနေ ထုန်ပြန်ထားပါတယ်။ နှစ်ဖက်တိုက်ပွဲတွေကြောင့် လက်ရှိအချိန်ထိ ပေါက်တောမြို့ပေါ်မှာ ထိခိုက်ဒဏ်ရာရသူနဲ့ သေဆုံးသူဦးရေ အတိအကျမသိနိုင်သေးပါဘူး။

စစ်ရှောင်နေရတဲ့ ပြည်သူတွေဟာ လက်ရှိမှာ အစားအသောက်နဲ့ နေရာထိုင်ခင်း အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပြီးတော့ အကူအညီတွေလိုအပ်နေပါတယ်။

ရခိုင်ပြည်အတွင်းမှာ လူသားချင်းစာနာမှုဆိုင်ရာလုပ်ငန်းတွေကို လုပ်ကိုင်နေကြတဲ့ ကုလသမဂ္ဂအေဂျင်စီတွေ အပါအဝင် NGO၊ INGO တွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ကူညီခွင့်နဲ့ ခရီးသွားလာခွင့်ကို နိုဝင်ဘာ ၁၃ ရက်ကစလို့ စစ်ကောင်စီက ပိတ်ပင်ထားပါတယ်။

စစ်တွေမြို့နယ်မှာတော့ ဒီဇင်ဘာ ၄ ရက် မနက်ပိုင်းမှာ ဒေသခံပြည်သူတယောက်ကို စစ်ကောင်စီတပ်က ULA/AA နဲ့ ဆက်စပ်တယ်လို့ စွပ်စွဲပြီး ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

စစ်တွေမြို့နယ် ငတောက်တက် ကျေးရွာကို စစ်ကောင်စီတပ်သား အင်အား ၉၀ ကျော်လောက် စစ်ကြောင်းထိုးဝင်ရောက်ပြီး ပြည်သူတယောက်ကို ဖမ်းဆီးသွားကြတယ်လို့ ငတောက်တက်ကျေးရွာ ဒေသခံတယောက်က ပြောပါတယ်။

ဖမ်းဆီးခံရသူကတော့ ငတောက်တက်ကျေးရွာက ဦမောင်သန်းလှိုင်၊ ဒေါ်ခင်အေးမေတို့ရဲ့ သားဖြစ်သူ အသက် ၁၉ နှစ်အရွယ် ကိုမှဲ့နီချေ(ခေါ်) သန်းထွန်းစိုး ဖြစ်ပြီး ရွာပြင်မှာ နွားကျောင်းနေစဥ် ဖမ်းဆီးခံခဲ့ရတာလို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ အေအေနဲ့ စစ်ကောင်စီတပ်တို့ တကျော့ပြန် တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်က ဒေသခံပြည်သူ အယောက် ၇၀ ထက်မနည်း အေအေနဲ့ ဆက်စပ်တယ်လို့ သံသယမှုနဲ့ ဖမ်းဆီးခဲ့ကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

Photo - CJ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024