ရုရှားထိန်းချုပ်ထားတဲ့ ဒန်ညက်စ်ဒေသကို ယူကရိန်းတပ်ဖွဲ့ဝင်တွေက ဒီဇင်ဘာ ၃ ရက်မှာ ပစ်ခတ်ခဲ့လို့ စီးပွားရေးစင်တာတခုနဲ့ တိုက်ခန်းအဆောက်အအုံတခု ပျက်စီးခဲ့တယ်လို့ ဒေသန္တရတာဝန်ရှိသူတွေက ပြောပါတယ်။
ဆယ်ကျော်သက် မိန်းကလေးတဦး အပါအဝင် ဒဏ်ရာရသူလေးဦး ရှိတယ်လို့ မြို့တော်ဝန် အလက်ဇီကူလမ်ဇင်က သူ့ရဲ့ တယ်လီဂရမ်လိုင်းပေါ်ကနေ အတည်ပြုခဲ့ပြီး လူတချို့ ဒဏ်ရာရခဲ့တယ်လို့ ရုရှားသတင်းဌာနက ဖော်ပြပါတယ်။
လူဟန့်စ်နဲ့ ဒန်ညက်စ် ဒေသတွေထဲက ရုရှားထိန်းချုပ်ထားတဲ့ အစိတ်အပိုင်းတွေရဲ့ အခြေအနေကို စောင့်ကြည့်နေတဲ့ အဖွဲ့အစည်းဖြစ်တဲ့ ‘ယူကရိန်း ရာဇဝတ်မှုတွေအတွက် ပူးပေါင်းဆောင်ရွက်မှု ဗဟိုဌာန’ (JCCC) ကတော့ ဒီပစ်ခတ်မှုအတွင်း လူလေးဦး ဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။
ပစ်ခတ်မှုအတွင်း စီးပွားရေးစင်တာထဲမှာ လူတွေ ရှိနေခဲ့ပြီး ကားတစီးလည်း ပျက်စီးခဲ့တယ်လို့ JCCC က တာဝန်ရှိသူ ဆာဂေးပါရာဗာဇက်ဗ်က သတင်းထောက်တွေကို ပြောပါတယ်။
အသေအပျောက် အရေအတွက်ကိုရော ပစ်ခတ်မှုအတွက် ဘယ်သူ့မှာ တာဝန်ရှိတယ် ဆိုတာကိုပါ သီးခြား အတည်မပြုနိုင်သေးပါဘူး။ ယူကရိန်းဘက်ကလည်း ဒီစွဲချက်အတွက် ချက်ချင်း မတုံ့ပြန်သေးပါဘူး။
Source/Photo-Reuters