ပီရူးအာဏာပိုင်တွေက တရားမဝင် မူးယစ်ဆေးဝါး ၁၉ တန်ကျော်ကို နိုဝင်ဘာ ၂၇ ရက်မှာ ဖျက်ဆီးခဲ့ပါတယ်။
ဒါဟာ ဒီနှစ်အတွင်း ပီရူးနိုင်ငံရဲ့ ၄ ကြိမ်မြောက် မူးယစ်ဆေးဝါး အများအပြား မီးရှို့ဖျက်ဆီးမှုလည်း ဖြစ်ပါတယ်။
၂၀၂၃ ခုနှစ်အတွင်း ဆောင်ရွက်ခဲ့တဲ့ စစ်ဆင်ရေးတွေမှာ ကိုကင်းနဲ့ ဆေးခြောက် အပါအဝင် တခြားမူးယစ်ဆေးဝါး အမျိုးအစားတွေပါ သိမ်းဆည်းရမိခဲ့တာ ဖြစ်ပါတယ်။
ပီရူးအစိုးရရဲ့ ရုပ်သံမှတ်တမ်းထဲမှာတော့ တာဝန်ရှိသူတွေက အဖြူရောင်အမှုန့်ပါ အိတ်ကြီးတွေကို မီးဖိုထဲထည့်ပြီး ဖျက်ဆီးနေကြတာ တွေ့ရပါတယ်။
ဒါ့အပြင် မူးယစ်ဆေးဝါး မှောင်ခိုကူးမှုနဲ့ ဆက်နွှယ်နေတဲ့ ရာဇဝတ်ဂိုဏ်း ၁၁၅ ခု အပါအဝင် ဆေးထုတ်လုပ်ရာ ဓာတ်ခွဲခန်း ၇၇၁ ခုနဲ့ လျှို့ဝှက်လေယာဉ်ကွင်းပေါင်း ၆၅ ခုတို့ကို ဖြိုဖျက်ရှင်းလင်းနိုင်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီး ဗစ်တာ တောရက်စ်က ဒီနှစ်ထဲမှာပဲ မှတ်ချက်ပေးပါတယ်။
Source/Photo-Reuters