ကမ္ဘာ့အကြီးဆုံး ရေခဲတောင်ကြီးဟာ ဆယ်စုနှစ် သုံးခုကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် ရွေ့လျားနေတယ်လို့ သိပ္ပံပညာရှင်တွေက နိုဝင်ဘာ ၂၄ ရက်မှာ ပြောလိုက်ပါတယ်။
၁၅၀၀ စတုရန်းမိုင်ကျယ်ပြီး A23a လို့ခေါ်တဲ့ အန္တာတိတ် ရေခဲတောင်ဟာ နယူးယောက်မြို့ထက် သုံးဆ လောက် ကြီးပါတယ်။
ရွေ့လျားနေတဲ့ ဒီအရွယ်အစား ရှိတဲ့ ရေခဲတောင်ကို တွေ့ရတာ ရှားတယ်လို့ ဗြိတိသျှ အန္တာတိက စစ်တမ်းက ရေခဲပြင်ဆိုင်ရာ ပညာရှင် အိုလီဗာ မာ့ရှ်က ပြောပါတယ်။
ဒါကြောင့် သိပ္ပံပညာရှင်တွေက သူ့ လမ်းကြောင်းကို အနီးကပ် စောင့်ကြည့်နေကြပြီး အရှိန်မြင့် လာတာနဲ့အမျှ ဧရာမ ရေခဲတောင်ကြီးဟာ အန္တာတိကစက်ဝန်း ရေစီးကြောင်းဆီ စတင် ရောက်ရှိစရာ ရှိတယ်လို့လည်း ဆိုပါတယ်။
ဒီရေခဲတောင်ကြီးဟာ တောင်ပိုင်းသမုဒ္ဒရာဆီ မျောပါနေရင်း အရှိန်ရလာပြီး “ရေခဲတောင်လမ်းကြား” လို့ခေါ်တဲ့ လမ်းကြောင်းပေါ်မှာ တခြားရေခဲတောင်တွေနဲ့အတူ မှောင်မိုက်နေတဲ့ ရေပြင်မှာ ဗလုံးဗထွေး မျောပါနေတာ တွေ့ရနိုင်တယ် လို့ ဆိုထားပါတယ်။
Source/Photo-Reuters